


ယူနီကုဒ်ဖြင့်ဖတ်ရန်

သာမာန်ကလေးဘဝကတည်းကနေ ဒီနေ့အရွယ်ထိ ဖြစ်တည်မှုတိုင်းကို ချစ်ခင်အားပေးတဲ့ ပရိသတ်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ မွေးဖွားတဲ့ ကော့သောင်းသားလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပိုင်တံခွန်ရဲ့ စကားပြောဆိုပုံက အရမ်းကို ဝဲပြီး သူများနဲ့မတူပဲ တမူထူးခြားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပိုင်တံခွန်ရဲ့ ဆွဲဆောင်မှုရှိတဲ အသွင်အပြင်ကိုသာမကပဲ စကားဝဲတာလေးကအစ ဂရုတစိုက်ကြည့်ပြီး သဘောကျကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံတကာက ပရိသတ်တွေကို ရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ ပိုင်တံခွန်က ပြည်တွင်းကပရိသတ်တွေရဲ့ အချစ်တွေကိုလည်း မလျော့စတမ်း ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်တံခွန်က သာမာန်ကလေးဘဝကတည်းကနေ ဒီနေ့ဒီအရွယ်ထိ ဖြစ်တည်မှုတိုင်းကို ချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ယောက်လုပ်ပေးတဲ့ ဗီဒီယိုလေးကို သူ့ရဲ့အကောင့်ကနေ အသိအမှတ်ပြုစွာ တင်ပေးလာခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ ငယ်ငယ်က နယ်မြို့လေးတစ်မြို့က သာမာန်ကလေးတစ်ယောက်ဖြစ်ပေမယ့် အခုဆိုရင် နိုင်ငံကျော်ရုံတင်မကပဲ ကမ္ဘာကျော်တဲ့အထိ ဖြစ်တော့မယ့် အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Takhon’s fb
Bilie – Cele Connections