အဆိုေတာ္ ပိုပိုကေတာ့ အသံပါဝါအားေကာင္းေကာင္းနဲ့ ခံစားခ်က္အျပည့္ပါတဲ့ သီခ်င္းေလးေတြကို သီဆိုတတ္သူေလးတစ္ေယာက္ပါပဲ။ ပိုပိုကေတာ့ ဆယ္ေက်ာ္သက္အရြယ္ကတည္းက သီခ်င္းဆိုတာကုိ ဝါသနာပါခဲ့သူျဖစ္ျပီး အနုပညာေလာကထဲကို ဝင္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။ သူမရဲ့ မဆုတ္မနစ္ၾကိဳးစားမႈေၾကာင့္ လက္ရိွမွာေတာ့ ပိုပိုက နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္အျဖစ္ ဂီတေလာကမွာ ေအာင္ျမင္ေနလ်က္ရိွျပီပဲ ျဖစ္ပါတယ္။

ပရိသတ္အာရံုစိုက္ခံရတဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ ဟန္ေဆာင္မႈမရိွ ပြင့္ပြင့္လင္းလင္းေနထိုင္တတ္တဲ့ ပိုပိုက သူမရဲ့ အခ်စ္ေရးနဲ့ ပက္သတ္ျပီးလည္း အရိုးသားဆံုးခ်ျပထားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ ပိုပိုက သူ့ရဲ့ (၁၃) နွစ္ငယ္တဲ့ ခ်စ္သူေမာင္ေလးနဲ့ လမ္းခြဲျပတ္ဆဲလိုက္ျပီျဖစ္ေၾကာင္းကို “I’m Single Now. ဘဝမွာ အၾကိမ္ၾကိမ္ ခြဲခြာျခင္းေတြ ၾကံဳခဲ့ျပီးျပီ။ ဒီတစ္ခါ အရင့္က်က္ဆံုးပါပဲ။ ကၽြန္မ ငွက္တစ္ေကာင္ပါ။ အခ်ိန္တန္ရင္ တစ္ေကာင္တည္းပ်ံသန္းရတာပါပဲ။ ညေတြမွာ တစ္ေယာက္တည္းေနရတာ ပိုၾကိဳက္တယ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ Story မွာ ရင္ဖြင့္ေျပာျပလာပါတယ္။

ပိုပုိရဲ့ ခ်စ္သူေကာင္ေလးကေတာ့ ပိုပိုထက္ အသက္ (၁၃) နွစ္ငယ္ျပီး ပိုပိုကိုယ္တိုင္ကလည္း အင္တာဗ်ဴးဗီဒီယိုေတြမွာ ပြင့္ပြင့္လင္းလင္း မိတ္ဆက္ေပးထားခဲ့တာ ျဖစ္ပါတယ္။ ေတြ့ဆံုၾကံဳကြဲျခင္းက လူ့သဘာဝမို့ ပိုပိုတစ္ေယာက္ အနုပညာအလုပ္ေတြမွာ ပိုမိုအခ်ိန္ေပးျဖစ္ေတာ့မယ္လို့ အေကာင္းဘက္ကေန ေတြးေတာရမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: ဝတ္ ရည္ မိုး ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၁၃) နှစ်ငယ်တဲ့ ချစ်သူမောင်လေးနဲ့ လမ်းခွဲပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း ပြောလာတဲ့ ပိုပို

အဆိုတော် ပိုပိုကတော့ အသံပါဝါအားကောင်းကောင်းနဲ့ ခံစားချက်အပြည့်ပါတဲ့ သီချင်းလေးတွေကို သီဆိုတတ်သူလေးတစ်ယောက်ပါပဲ။ ပိုပိုကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက သီချင်းဆိုတာကို ဝါသနာပါခဲ့သူဖြစ်ပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့် လက်ရှိမှာတော့ ပိုပိုက နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ် ဂီတလောကမှာ အောင်မြင်နေလျက်ရှိပြီပဲ ဖြစ်ပါတယ်။

ပရိသတ်အာရုံစိုက်ခံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ ပိုပိုက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း အရိုးသားဆုံးချပြထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ပိုပိုက သူ့ရဲ့ (၁၃) နှစ်ငယ်တဲ့ ချစ်သူမောင်လေးနဲ့ လမ်းခွဲပြတ်ဆဲလိုက်ပြီဖြစ်ကြောင်းကို “I’m Single Now. ဘဝမှာ အကြိမ်ကြိမ် ခွဲခွာခြင်းတွေ ကြုံခဲ့ပြီးပြီ။ ဒီတစ်ခါ အရင့်ကျက်ဆုံးပါပဲ။ ကျွန်မ ငှက်တစ်ကောင်ပါ။ အချိန်တန်ရင် တစ်ကောင်တည်းပျံသန်းရတာပါပဲ။ ညတွေမှာ တစ်ယောက်တည်းနေရတာ ပိုကြိုက်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် Story မှာ ရင်ဖွင့်ပြောပြလာပါတယ်။

ပိုပိုရဲ့ ချစ်သူကောင်လေးကတော့ ပိုပိုထက် အသက် (၁၃) နှစ်ငယ်ပြီး ပိုပိုကိုယ်တိုင်ကလည်း အင်တာဗျူးဗီဒီယိုတွေမှာ ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးထားခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံကြုံကွဲခြင်းက လူ့သဘာဝမို့ ပိုပိုတစ်ယောက် အနုပညာအလုပ်တွေမှာ ပိုမိုအချိန်ပေးဖြစ်တော့မယ်လို့ အကောင်းဘက်ကနေ တွေးတောရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: ဝတ် ရည် မိုး ‘s fb
Bilie – Cele Connections