အဆိုေတာ္ မီးမီးခဲကေတာ့ အသက္ (၃၇) နွစ္ဆိုတဲ့ အရြယ္မွာပဲ ကင္ဆာေရာဂါနဲ့ ကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲက ရင္သားကင္ဆာေဝဒနာကို လြန္ခဲ့တဲ့ (၃) နွစ္ကတည္းက ခံစားခဲ့ရျပီး ေနာက္ဆံုးအဆင့္ကို ေရာက္ရိွေနတာေၾကာင့္ ဆရာဝန္ေတြကိုယ္တိုင္က လက္ေလွ်ာ့ခဲ့ရတာျဖစ္ပါတယ္။ မီးမီးခဲကလည္း သူမရဲ့အေျခအေနကိုသိခဲ့ေပမယ့္ စိတ္ဓာတ္ၾကံ့ခိုင္စြာနဲ့ ပရိသတ္ေတြကို ေဝဒနာေတြထုတ္ျပျခင္းမရိွပဲ ကြယ္လြန္သြားခဲ့ရွာတာပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီလ (၁၁) ရက္ေန့မွာေတာ့ မီးမီးခဲက ၾသစေတးလ်ကေန ျမန္မာျပည္ကို ျပန္လာခဲ့ျပီး သူမရဲ့ ပထမဦးဆံုးတစ္ကိုယ္ေတာ္ရိႈးကို က်င္းပျပဳလုပ္ခဲ့ပါတယ္။ မီးမီးခဲက သူမရဲ့ ရိႈးပြဲေနာက္ဆံုးအပိတ္မွာ ျပသဖို့အတြက္ မိသားစုနဲ့အတူတူ ဗီဒီယိုတစ္ခုကို ရိုက္ကူးခဲ့ျပီး ထိုဗီဒီယိုထဲမွာ မီးမီးခဲက ဝတ္စံုအျဖဴေလးဝတ္ျပီး မိသားစုေတြကို ခ်န္ရစ္ကာ တစ္ေယာက္တည္း ေက်ာခိုင္းထြက္ခြာသြားခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

မီးမီးခဲကေတာ့ ဒီဗီဒီယိုကို ဘယ္လိုရည္ရြယ္ခ်က္မ်ိဳးနဲ့ ရိုက္ကူးခဲ့မွန္းမသိနိုင္ေပမယ့္ သူမရဲ့ေရာဂါအေျခအေနကိုသိျပီး တမင္ရိုက္ကူးခဲ့သလိုပါပဲ။ မီးမီးခဲလည္း အခုဆိုရင္ ေအးခ်မ္းတဲ့ေနရာေလးမွာ ေရာဂါေဝဒနာေတြမခံစားရပဲ ေအးေဆးစြာ အနားယူနိုင္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Min Htaw’s fb
Video Credit to Ko Soe Naing
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မကွယ်လွန်ခင်ကတည်းက မိသားစုကိုချန်ရစ်ပြီး တစ်ယောက်တည်းကျောခိုင်းထွက်သွားတဲ့ ပုံစံမျိုး ဗီဒီယိုရိုက်ကူးခဲ့တဲ့ မီးမီးခဲ

အဆိုတော် မီးမီးခဲကတော့ အသက် (၃၇) နှစ်ဆိုတဲ့ အရွယ်မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲက ရင်သားကင်ဆာဝေဒနာကို လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက ခံစားခဲ့ရပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိနေတာကြောင့် ဆရာဝန်တွေကိုယ်တိုင်က လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။ မီးမီးခဲကလည်း သူမရဲ့အခြေအနေကိုသိခဲ့ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ပရိသတ်တွေကို ဝေဒနာတွေထုတ်ပြခြင်းမရှိပဲ ကွယ်လွန်သွားခဲ့ရှာတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁) ရက်နေ့မှာတော့ မီးမီးခဲက သြစတေးလျကနေ မြန်မာပြည်ကို ပြန်လာခဲ့ပြီး သူမရဲ့ ပထမဦးဆုံးတစ်ကိုယ်တော်ရှိုးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မီးမီးခဲက သူမရဲ့ ရှိုးပွဲနောက်ဆုံးအပိတ်မှာ ပြသဖို့အတွက် မိသားစုနဲ့အတူတူ ဗီဒီယိုတစ်ခုကို ရိုက်ကူးခဲ့ပြီး ထိုဗီဒီယိုထဲမှာ မီးမီးခဲက ဝတ်စုံအဖြူလေးဝတ်ပြီး မိသားစုတွေကို ချန်ရစ်ကာ တစ်ယောက်တည်း ကျောခိုင်းထွက်ခွာသွားခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

မီးမီးခဲကတော့ ဒီဗီဒီယိုကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရိုက်ကူးခဲ့မှန်းမသိနိုင်ပေမယ့် သူမရဲ့ရောဂါအခြေအနေကိုသိပြီး တမင်ရိုက်ကူးခဲ့သလိုပါပဲ။ မီးမီးခဲလည်း အခုဆိုရင် အေးချမ်းတဲ့နေရာလေးမှာ ရောဂါဝေဒနာတွေမခံစားရပဲ အေးဆေးစွာ အနားယူနိုင်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Min Htaw’s fb
Video Credit to Ko Soe Naing
Bilie – Cele Connections