


Source: Yone Lay ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ညီအရင်းလေးတစ်ယောက်လို ချစ်ခင်ရတဲ့ ထက်ယံအတွက် အမှတ်တရတွေနဲ့အတူတူ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ယုန်လေး

အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ယုန်လေးကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုနေထိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက လက်ရှိမှာလည်း သူဝါသနာပါရာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်ဖို့ ကြိုးစားနေသလို အလှူအတန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ စိတ်ထားကောင်းတဲ့ ယုန်လေးက လူချစ်လူခင်ပေါများသလို သူချစ်ခင်တဲ့သူတွေအပေါ်လည်း မိသားစုလို သဘောထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁၈) ရက်နေ့ကတော့ အဆိုတော်ထက်ယံရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ယုန်လေးကလည်း “Happy Birthday Par ချစ်ညီလေး ထက်ယံ အရာရာအဆင်ပြေပါစေ . 🎂 ညီလေး မွေးနေ့ Wish လုပ်ဖို့ Special 9 Group ပုံလေးတွေ Page ထဲလိုက်ရှာရင် သတိရသွားလို့
Special 9 ပုံလေးတွေပါ တင်လိုက်တယ်နော်။ Covid ပြီးတာနဲ့ ရွေ့သွားတဲ့ Bkk Show Special 9 ပြန်သွားပြီး သောင်းကြမ်းကြမယ် . . 🎂🎂🎂🍺🍺🍺🍺🍺” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ယုန်လေးကတော့ သူနဲ့ ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးတဲ့ ညီငယ်လေး ထက်ယံအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ယံအတွက် အမှတ်တရမွေးနေ့ဆုမွန်ကောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay ‘s fb
Bilie – Cele Connections