


ယူနီကုဒ်ဖြင့်ဖတ်ရန်

အမည်မသိပရိသတ်ကပေးတဲ့ လက်ဆောင်လေးတွေကြောင့် ကလေးလေးတစ်ယောက်လို ပျော်ရွှင်သွားခဲ့တဲ့ စိုးပြည့်သဇင်

နိုင်ငံကျော် မင်းသမီးလေး စိုးပြည့်သဇင်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမက သရုပ်ဆောင်ပါကောင်းတဲ့ စိုးပြည့်သဇင်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် “မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်သွားပေမယ့်လည်း အနုပညာလောကမှာ စီနီယာအစ်ကို အစ်မတွေဆီကနေ သင်ယူရင်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ကြိုးစားသင်ယူနေဆဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်မင်းသမီးလေးပီပီ အမြို့မြိုအနယ်နယ်က ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိနေတဲ့ စိုးပြည့်သဇင်က ဒီတစ်ခေါက်မှာလည်း အမည်မသိပရိသတ်တွေကပေးတဲ့ လက်ဆောင်လေးတွေကြောင့် ကလေးလေးတစ်ယောက်လို ပျော်ရွှင်သွားခဲ့တဲ့အကြောင်းကို မျှဝေပေးလာပါတယ်။ စိုးပြည့်သဇင်က “စိုးပြည့်ကိုချစ်တဲ့fansလေးတွေကပို့ပေးတာတဲ့….နာမည်တော့မပြောထားဘူး…..ကျေးဇူးအများကြီးတင်ပါတယ်ရှင့်…နောက်ဆုံးပုံကအလှဆုံးဘဲ😌” ဆိုပြီး သူမရဲ့ အပျော်တွေကို မျှဝေပေးထားပါတယ်။

စိုးပြည့်သဇင်ကတော့ ဘယ်အသက်အရွယ်ကိုရောက်ရောက် ကလေးလေးတစ်ယောက်လို ဖြူဖြူစင်စင်နဲ့ ချစ်စရာကောင်းနေတုန်းပဲနော်။ ပရိသတ်ကြီးလည်း စိုးပြည့်လေးရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin ‘s fb
Bilie – Cele Connections