


Source: Nay Dway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆောက်လုပ်ရေးလုပ်သားများကို စားသောက်စရာများအပြင် အင်္ကျီအဝတ်အစားနဲ့ ငွေသားများ အထိ အစစအရာရာပြည့်စုံအောင် လှူဒါန်းပေးခဲ့တဲ့ နေဒွေး

သရုပ်ဆောင် နေဒွေးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး မြို့ပရိသတ်တွေရော နယ်ပရိသတ်တွေပါ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေသလို မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ ဆန်စက်စီးပွားရေးကိုပါ ပိုင်ဆိုင်ထားတဲ့ နေဒွေးက အလှူအတန်းတွေကိုလည်း မကြာခဏလုပ်လေ့ရှိပါတယ်။ နေဒွေးကတော့ လက်ရှိမှာ သူတတ်နိုင်သလောက် အလှူအတန်းတွေပြုလုပ်ရင်း ချို့တဲ့သူတွေကို စာနာမှုအပြည့်နဲ့ ကူညီပေးနေတဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေဒွေးက ဆောက်လုပ်ရေးလုပ်သားများကို စားသောက်စရာများအပြင် အင်္ကျီအဝတ်အစားနဲ့ ငွေသားများ လှူဒါန်းပေးခဲ့တဲ့အကြောင်းကို “ဒီနေ့ ဆောက်လုပ်ရေးတခုက ပညာရှင်များကို နီလာဒန်ပေါက် , အအေး , အကျီအဝတ်အစား , ဆန် နဲ့ ငွေများကိုအလှုလုပ်ပေးဖြစ်ပါတယ်။” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို ပရိသတ်တွေ ထပ်တူပီတိဖြစ်နိုင်ဖို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ အခက်အခဲဖြစ်နေတဲ့ ဘယ်သူ့ကိုမဆို ကူညီချင်စိတ်အပြည့်ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဒွေးရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Dway’s fb
Bilie – Cele Connections