မင္းသားေခ်ာ ေနတိုးကေတာ့ သူ့ရဲ့ အနုပညာသက္တမ္းတစ္ေလွ်ာက္ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြကို ရာနဲ့ခ်ီျပီး ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ေနတုိးက သူရိုက္ကူးသမွ် ဇာတ္ကားေတြရဲ့ ဇာတ္ဝင္ေတးသီခ်င္းတစ္ခ်ိဳ့တစ္ဝက္ကို သူကိုယ္တိုင္ သီဆိုသလို တစ္ခ်ိဳ့ကိုေတာ့ အဆိုေတာ္ ရိန္မိုးက သီဆိုေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေနတိုးက သူရိုက္ကူးခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားမ်ားရိွ ဇာတ္ဝင္ေတးသီခ်င္းမ်ားမွ ရရိွတဲ့ ဝင္ေငြေတြအားလံုးကို လွဴဒါန္းသြားမယ္ဆိုတဲ့အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။
“ကြၽန္ေတာ့္ကိုပရိသတ္မ်ားလက္ခံအားေပးခဲ့ရျခင္းဟာဇာတ္ဝင္သီခ်င္းေတြေၾကာင့္လည္းပါမယ္လို႔ထင္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ဇာတ္ကားမ်ားကိုေနာက္ကြယ္ကေနသီခ်င္းမ်ားနဲ႔အလွဆင္ေပးခဲ့ေသာ ကြၽန္ေတာ့္ထက္ေတာင္ကြၽန္ေတာ္နဲ႔တူတဲ့ အသံပိုင္ရွင္ကို ရိန္မိုး နဲ႔ ေဟသာ တို႔ရဲ႕(ေက်ာ္ျဖတ္မယ္) သီခ်င္းေလးျဖစ္ပါတယ္ ပရိသတ္မ်ားဝင္ေရာက္နားေထာင္ရာမွရရွိေသာအႏုပညာရွင္ေတြရဲ႕ဝင္ေငြမ်ားအားလုံးကို ကိုဗစ္ အလႉအျဖစ္လႉတန္းသြားမွာျဖစ္တာေၾကာင့္ သီခ်င္းနားေထာင္ရင္ကုသိုလ္ယူလိုက္ၾကရေအာင္ပရိသတ္ႀကီးေရ..❤” ဆိုျပီး ဝမ္းသာစရာ သီတင္းေကာင္းေလးကို မွ်ေဝေပးထားပါတယ္။
ေနတိုးရဲ့ ရုပ္ရွင္ဇာတ္ဝင္ေတးသီခ်င္းေတြကို JOOX Application ကေန နားေထာင္လို့ရနိုင္မွာျဖစ္ျပီး ပရိသတ္မ်ားဝင္ေရာက္နားေထာင္ရာမွရရွိေသာအႏုပညာရွင္ေတြရဲ႕ဝင္ေငြမ်ားအားလုံးကို ကိုဗစ္ အလႉအျဖစ္လႉတန္းသြားမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Nay Toe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများရှိ ဇာတ်ဝင်တေးသီချင်းများမှ ရရှိတဲ့ ဝင်ငွေတွေအားလုံးကို ကိုဗစ်တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမယ်ဆိုတဲ့ နေတိုး
မင်းသားချော နေတိုးကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရာနဲ့ချီပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ နေတိုးက သူရိုက်ကူးသမျှ ဇာတ်ကားတွေရဲ့ ဇာတ်ဝင်တေးသီချင်းတစ်ချို့တစ်ဝက်ကို သူကိုယ်တိုင် သီဆိုသလို တစ်ချို့ကိုတော့ အဆိုတော် ရိန်မိုးက သီဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေတိုးက သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများရှိ ဇာတ်ဝင်တေးသီချင်းများမှ ရရှိတဲ့ ဝင်ငွေတွေအားလုံးကို လှူဒါန်းသွားမယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။
“ကျွန်တော့်ကိုပရိသတ်များလက်ခံအားပေးခဲ့ရခြင်းဟာဇာတ်ဝင်သီချင်းတွေကြောင့်လည်းပါမယ်လို့ထင်ပါတယ်။ ကျွန်တော့်ရဲ့ဇာတ်ကားများကိုနောက်ကွယ်ကနေသီချင်းများနဲ့အလှဆင်ပေးခဲ့သော ကျွန်တော့်ထက်တောင်ကျွန်တော်နဲ့တူတဲ့ အသံပိုင်ရှင်ကို ရိန်မိုး နဲ့ ဟေသာ တို့ရဲ့(ကျော်ဖြတ်မယ်) သီချင်းလေးဖြစ်ပါတယ် ပရိသတ်များဝင်ရောက်နားထောင်ရာမှရရှိသောအနုပညာရှင်တွေရဲ့ဝင်ငွေများအားလုံးကို ကိုဗစ် အလှူအဖြစ်လှူတန်းသွားမှာဖြစ်တာကြောင့် သီချင်းနားထောင်ရင်ကုသိုလ်ယူလိုက်ကြရအောင်ပရိသတ်ကြီးရေ..❤” ဆိုပြီး ဝမ်းသာစရာ သီတင်းကောင်းလေးကို မျှဝေပေးထားပါတယ်။
နေတိုးရဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေကို JOOX Application ကနေ နားထောင်လို့ရနိုင်မှာဖြစ်ပြီး ပရိသတ်များဝင်ရောက်နားထောင်ရာမှရရှိသောအနုပညာရှင်တွေရဲ့ဝင်ငွေများအားလုံးကို ကိုဗစ် အလှူအဖြစ်လှူတန်းသွားမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Nay Toe’s fb
Bilie – Cele Connections