သရုပ္ေဆာင္ သက္မြန္ျမင့္ကေတာ့ ခ်င္းတိုင္းရင္းသူေတြထဲမွာ ရွားရွားပါးပါး သရုပ္ေဆာင္၊ မင္းသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္က သူမကိုယ္တိုင္လည္း အကယ္ဒမီဆုေတြမ်ားစြာကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ေပမယ့္ အနုပညာညီအစ္ကိုေမာင္နွမေတြရဲ့ အနုပညာဖန္တီးမႈေတြကိုလည္း အျမဲတမ္း အားေပးေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း သက္မြန္ျမင့္က အနုပညာေလာကမွာ လူခ်စ္လူခင္ေပါမ်ားသူတစ္ေယာက္အျဖစ္ ထင္ရွားတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ သက္မြန္ျမင့္က သူမအရမ္းၾကိဳက္ရတဲ့ အဆိုေတာ္ မီးမီးခဲကြယ္လြန္ျခင္းအတြက္ စိတ္မေကာင္းဝမ္းနည္းျဖစ္ရတဲ့အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။ “သူ ျမန္မာျပည္ ျပန္လာခ်ိန္ မဆုန္သင္းပြဲမွာ ေတြ႕ခြင့္ရခဲ့တယ္.. သူ႔ One Lady show မသြားခဲ့ရဘူး.. ခုက် သူမရွိေတာ့ဘူး.. ငယ္ထဲက အႀကိဳက္ဆုံး အဆိုေတာ္ထဲက တစ္ေယာက္.. ေကာင္းရာဘုံဘဝမွာ ပိုသာေသာ ေပ်ာ္႐ႊင္မႈေတြနဲ႔ ေအးခ်မ္းပါေစ 🙏🏻🙏🏻🙏🏻” ဆိုျပီး မီးမီးခဲနဲ့ အမွတ္တရေတြကိုလည္း ျပန္လည္ေအာက္ေမ့ေနတာပဲ ျဖစ္ပါတယ္။

အဆိုေတာ္ မီးမီးခဲကေတာ့ မေန့က ေအာက္တိုဘာလ (၁၆) ရက္ေန့မွာပဲ သူမေနထိုင္ရာ ၾသစေတးလ်နိုင္ငံမွာပဲ ကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သက္မြန္ျမင့္နဲ့ ထပ္တူ ဝမ္းနည္းပူေဆြးေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thet Mon Myint ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ငယ်ငယ်ကတည်းက အကြိုက်ဆုံးအဆိုတော် မီးမီးခဲနဲ့ ဆုံတွေ့ခဲ့တဲ့ အမှတ်တရတွေကို ပြန်လည်အောက်မေ့တမ်းတနေတဲ့ သက်မွန်မြင့်

သရုပ်ဆောင် သက်မွန်မြင့်ကတော့ ချင်းတိုင်းရင်းသူတွေထဲမှာ ရှားရှားပါးပါး သရုပ်ဆောင်၊ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမကိုယ်တိုင်လည်း အကယ်ဒမီဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ အနုပညာဖန်တီးမှုတွေကိုလည်း အမြဲတမ်း အားပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သက်မွန်မြင့်က အနုပညာလောကမှာ လူချစ်လူခင်ပေါများသူတစ်ယောက်အဖြစ် ထင်ရှားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သက်မွန်မြင့်က သူမအရမ်းကြိုက်ရတဲ့ အဆိုတော် မီးမီးခဲကွယ်လွန်ခြင်းအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်ရတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ “သူ မြန်မာပြည် ပြန်လာချိန် မဆုန်သင်းပွဲမှာ တွေ့ခွင့်ရခဲ့တယ်.. သူ့ One Lady show မသွားခဲ့ရဘူး.. ခုကျ သူမရှိတော့ဘူး.. ငယ်ထဲက အကြိုက်ဆုံး အဆိုတော်ထဲက တစ်ယောက်.. ကောင်းရာဘုံဘဝမှာ ပိုသာသော ပျော်ရွှင်မှုတွေနဲ့ အေးချမ်းပါစေ 🙏🏻🙏🏻🙏🏻” ဆိုပြီး မီးမီးခဲနဲ့ အမှတ်တရတွေကိုလည်း ပြန်လည်အောက်မေ့နေတာပဲ ဖြစ်ပါတယ်။

အဆိုတော် မီးမီးခဲကတော့ မနေ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ သူမနေထိုင်ရာ သြစတေးလျနိုင်ငံမှာပဲ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်နဲ့ ထပ်တူ ဝမ်းနည်းပူဆွေးနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thet Mon Myint ‘s fb
Bilie – Cele Connections