ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးျခင္းကို အျပည့္အဝရရိွထားတဲ့ အဆိုေတာ္ Ah Boy ကေတာ့ ခ်စ္ဇနီးေခ်ာေလးရယ္၊ ခ်စ္ရတဲ့ သမီးေလးေတြရယ္နဲ႔အတူ ၿပီးျပၫ့္စံုတဲ့အိမ္ေထာင္ေရးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ မိသားစုကို အရမ္းတန္ဖိုးထားတဲ့ Ah Boy က​ေတာ့ လတ္​တ​ေလာမွာေတာ့ စီးပြားေရးအလုပ္ေတြကို လုပ္ကိုင္ေနသလို၊ အနုပညာေလာကထဲကို ဒုတိယအၾကိမ္ ျပန္လည္ဝင္ေရာက္လာဖို့လံုးပန္းေနတာပဲ ျဖစ္ပါတယ္။ Ah Boy ရဲ ဇနီးေခ်ာ ျမတ္ရတနာေက်ာ္ကလည္း ခင္ပြန္းျဖစ္သူအတြက္ နံေဘးကေန အားေပးကူညီေပးေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၁၆) ရက္ေန့မွာေတာ့ ျမတ္ရတနာေက်ာ္က သူမရဲ့ ပထမဦးဆံုး Live Sale ေလးကို ရတနာပစၥည္းဆိုင္တစ္ခုအတြက္ ေရာင္းခ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ Ah Boy ကေတာ့ Live လႊင့္ျပီး ေစ်းေရာင္းတဲ့ ျမတ္ရတနာေက်ာ္ကိုၾကည့္ျပီး “ဒီေန႔ကစၿပီး… ငါ့မိန္းမနဲ႔ ဘယ္ေသာအခါမွ ရန္ျဖစ္ၿပီးစကားမမ်ားဖို႔ အသိတရားဝင္သြားတယ္။ သူ႔ရဲ႕ Live လႊင့္ၿပီး ၃ နာရီေက်ာ္ၾကာ Non-Stop လႊတ္ႏိုင္တဲ့ စေကးတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ 🔥😅” ဆိုျပီး ဟာသေလးေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

Ah Boy ကေတာ့ အသံဝဲဝဲနဲ့ ရွမ္းမေလးရဲ့ နာရီေပါင္းမ်ားစြာ မရပ္မနားစကားေျပာပံုကို ၾကည့္ျပီး ေတာ္ေတာ္ေလး အံ့ၾသသြားတယ္ ထင္ပါတယ္။ ပရိသတ္ၾကီးလည္း ခ်စ္စရာေကာင္းလြန္းတဲ့ Ah Boy တို့ဇနီးေမာင္နွံရဲ့အျဖစ္ကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Phyo Tun’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Live လွှင့်ပြီး မရပ်မနားစကားပြောဈေးရောင်းတဲ့ ချစ်ဇနီး မြတ်ရတနာကျော်ကိုကြည့်ပြီး ဘယ်တော့မှ ရန်မဖြစ်တော့ဖို့ အသိတရားရသွားခဲ့တဲ့ Ah Boy

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော် Ah Boy ကတော့ ချစ်ဇနီးချောလေးရယ်၊ ချစ်ရတဲ့ သမီးလေးတွေရယ်နဲ့အတူ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မိသားစုကို အရမ်းတန်ဖိုးထားတဲ့ Ah Boy ကတော့ လတ်တလောမှာတော့ စီးပွားရေးအလုပ်တွေကို လုပ်ကိုင်နေသလို၊ အနုပညာလောကထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာဖို့လုံးပန်းနေတာပဲ ဖြစ်ပါတယ်။ Ah Boy ရဲ ဇနီးချော မြတ်ရတနာကျော်ကလည်း ခင်ပွန်းဖြစ်သူအတွက် နံဘေးကနေ အားပေးကူညီပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာတော့ မြတ်ရတနာကျော်က သူမရဲ့ ပထမဦးဆုံး Live Sale လေးကို ရတနာပစ္စည်းဆိုင်တစ်ခုအတွက် ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ Ah Boy ကတော့ Live လွှင့်ပြီး ဈေးရောင်းတဲ့ မြတ်ရတနာကျော်ကိုကြည့်ပြီး “ဒီနေ့ကစပြီး… ငါ့မိန်းမနဲ့ ဘယ်သောအခါမှ ရန်ဖြစ်ပြီးစကားမများဖို့ အသိတရားဝင်သွားတယ်။ သူ့ရဲ့ Live လွှင့်ပြီး ၃ နာရီကျော်ကြာ Non-Stop လွှတ်နိုင်တဲ့ စကေးတစ်ပေါက် လျှမ်းလျှမ်းတောက် 🔥😅” ဆိုပြီး ဟာသလေးပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

Ah Boy ကတော့ အသံဝဲဝဲနဲ့ ရှမ်းမလေးရဲ့ နာရီပေါင်းများစွာ မရပ်မနားစကားပြောပုံကို ကြည့်ပြီး တော်တော်လေး အံ့သြသွားတယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းတဲ့ Ah Boy တို့ဇနီးမောင်နှံရဲ့အဖြစ်ကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Phyo Tun’s fb
Bilie – Cele Connections