





Source: Ma Htet’s fb

နိုင်ငံကျော် အဆိုတော် မီးမီးခဲကွယ်လွန်ခြင်း သတင်းအတွက် ပရိသတ်တွေကလည်း စိတ်မကောင်းကြသလို အနုပညာအသိုင်းတစ်ခုလုံးကလည်း စိတ်ထိခိုက်နေရတာပဲ ဖြစ်ပါတယ်။

မီးမီးခဲကတော့ သီချင်းဆိုကောင်းသလို သူမရဲ့ အပြင်လက်တွေ့ဘဝကနေထိုင်မှုပုံစံကလည်း ချစ်စရာကောင်းတာကြောင့် မြင်သူတိုင်းကျ ချစ်ကြရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

မီးမီခဲကွယ်လွန်ခြင်းအတွက် Make Up Artist တစ်ယောက်ဖြစ်တဲ့မထက်ကလည်း စိတ်မကောင်းဝမ်းနည်းနေရပြီး မီးမီးခဲအတွက် ဆုတောင်းတွေမပြည့်ခဲ့ကြောင်း အခုလိုပဲပြောထားပါတယ်။ “မဟုတ်ပါစေနဲ့လိုကြိတ်ဆုတောင်းနေခဲ့တယ်…RIP မီးမီးခဲ.. သိပ်ကြိုက်တယ်

သီချင်းတွေရင်ထဲအမြဲရှင်သန်နေမှာပါ… 😭😭😭” ဆိုပြီး မီးမီးခဲရဲ့ နောက်ဆုံး Live Show တုန်းက ပုံလေးတွေကို မျှဝေထားပါတယ်။

မီးမီးခဲကတော့ အေးချမ်းတဲ့နေရာတစ်ခုကို ရောက်ရှိသွားပြီဆိုပေမယ့် ကျန်ရစ်ခဲ့သူတွေအတွက်ကတော့ မမေ့နိုင်တဲ့ အမှတ်တရတွေကို ချန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ma Htet’s fb
Bilie – Cele Connections