


Source: Sung Tin Par’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မီးမီးခဲနဲ့ အဖအိမ်တော်မှာ ပြန်ဆုံတဲ့အခါ ချီးမွမ်းသီချင်းတွေ သီဆိုရင်း စကားတွေအများကြီး ဆက်ပြောချင်သေးတယ်ဆိုတဲ့ ဆုန်သင်းပါရ်

နိုင်ငံကျော် အဆိုတော် မီးမီးခဲကတော့ သြစတေးလျနိုင်ငံမှာ နေထိုင်နေရင်း သူမခံစားနေရတဲ့ ကင်ဆာရောဂါဝေဒနာကို ကုသမှုခံယူနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာတော့ မီးမီးခဲက သူမနေထိုင်ရာ သြစတေးလျနိုင်ငံမှာပဲ ခေါင်းချပြီး ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြသလို သူမနဲ့ စတိတ်ရှိုးတွေမှာ အတူတူသီဆိုကြတဲ့ အဆိုတော်ကြီးတွေကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်တဲ့အကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။

မီးမီးခဲနဲ့ ညီအစ်မတွေလို ခင်မင်ရင်းနှီးတဲ့ အဆိုတော် ဆုန်သင်းပါရ်ကလည်း မီးမီးခဲအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်နေပြီး “မီးခဲရေ…လူတိုင်းတနေ့သွားရမယ့်လမ်းဆိုပေမယ့် သွားနှင့်တာ စောလွန်းတယ်လေ 😢 အနာရောဂါဝေဒနာတွေ မရှိတော့တဲ့ အဖအိမ်တော်မှာ နားပါတော့ကွယ် R.I.P တို့တွေ အိမ်တော်မှာပြန်ဆုံတဲ့ခါအတူတူချီးမွမ်းသီချင်းတွေ သီဆိုရင်း စကားတွေအများကြီး ဆက်ပြောကြမယ်😢” ဆိုပြီး စိတ်မကောင်းဝမ်းနည်းကြောင်းပြောထားတာပဲ ဖြစ်ပါတယ်။

မီးမီးခဲကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ခရီးရှည်ကြီးကို ထွက်ခွာသွားခဲ့ပြီဆိုပေမယ့် ကောင်းကင်ဘုံမှာ အေးချမ်းစွာ အနားယူနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုန်သင်းပါရ်နဲ့ ထပ်တူဝမ်းနည်းနေကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sung Tin Par’s fb
Bilie – Cele Connections