ႏိုင္ငံေက်ာ္ အႏုပညာ႐ွင္ႏွစ္ေယာက္ျဖစ္တဲ့ ခ်စ္သုေဝနဲ႔ လင္းလင္းက (၂၀၁၄) ခုႏွစ္မွာ လက္ထပ္ခဲ့တာျဖစ္ၿပီး စိတ္တူကိုယ္တူနဲ့ ႏွစ္ေယာက္အတူတူ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

လင္းလင္းနဲ့ ခ်စ္သုေဝက အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သမီးေလးနွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားျပီျဖစ္ျပီး သမီးေလးေတြကလည္း ပရိသတ္ေတြရဲ့ အခ်စ္ေတြကို ရရိွပိုင္ဆိုင္ထားတဲ့ ကံေကာင္းတဲ့ ကေလးေလးေတြပဲ ျဖစ္ၾကပါတယ္။

ခ်စ္သုေဝကလည္း သမီးေလးေတြရဲ့ လႈပ္ရွားပံုေလးေတြနဲ့ ပက္သတ္ျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မၾကာခဏဆိုသလို ခ်ျပေလ့ရိွပါတယ္။

ဒီကေန့မွာလည္း ခ်စ္သုေဝက ေဖေဖလင္းကေတာင္ ျပန္သင္ယူရမယ့္ သမီးငယ္ေလးသစ္သစ္အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္။ “အလွႀကိဳက္သူေလး.. အေမ့ကို အရိပ္တၾကည့္ၾကည့္ ခ်စ္တတ္သူေလး.. တစ္ေန႔ေန႔ mommy i love u so much…Mommy u r so cute တတြတ္တြတ္ေျပာ.. ကိုယ့္ပါးေလး လက္ေလး ဆံပင္ေလးေတြကို တစ္႐ႊတ္႐ႊတ္နမ္း..

ကိုေထြးလင္းကို သမီးငယ္ဆီက ျပန္သင္ သင့္တယ္🤣” ဆိုျပီး အေမကို အရမ္းခ်စ္ျပီး အရိပ္တၾကည့္ၾကည့္ရိွတဲ့ သမီးေလးအေၾကာင္းကို ေျပာျပလာပါတယ္။

ေခတ္ေလးကေတာ့ ေဖေဖနဲ့တူျပီး ရုပ္ေျပာင္ေလးေတြလုပ္တတ္သလို သမီးငယ္ေလး သစ္သစ္ကေတာ့ ေမေမနဲ့တူျပီး အရမ္းခ်စ္တတ္တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း တစ္ေယာက္တစ္မ်ိဳးစီ ခ်စ္စရာေကာင္းတဲ့ ေခတ္ေလးနဲ့သစ္ေလးကို အခ်စ္ပိုေနၾကမယ္ ထင္ပါတယ္ေနာ္။

ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections

ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး စိတ်တူကိုယ်တူနဲ့ နှစ်ယောက်အတူတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေက အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပြီး သမီးလေးတွေကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့ ကလေးလေးတွေပဲ ဖြစ်ကြပါတယ်။

ချစ်သုဝေကလည်း သမီးလေးတွေရဲ့ လှုပ်ရှားပုံလေးတွေနဲ့ ပက်သတ်ပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မကြာခဏဆိုသလို ချပြလေ့ရှိပါတယ်။

ဒီကနေ့မှာလည်း ချစ်သုဝေက ဖေဖေလင်းကတောင် ပြန်သင်ယူရမယ့် သမီးငယ်လေးသစ်သစ်အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။ “အလှကြိုက်သူလေး.. အမေ့ကို အရိပ်တကြည့်ကြည့် ချစ်တတ်သူလေး.. တစ်နေ့နေ့ mommy i love u so much…Mommy u r so cute တတွတ်တွတ်ပြော.. ကိုယ့်ပါးလေး လက်လေး ဆံပင်လေးတွေကို တစ်ရွှတ်ရွှတ်နမ်း..

ကိုထွေးလင်းကို သမီးငယ်ဆီက ပြန်သင် သင့်တယ်🤣” ဆိုပြီး အမေကို အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့်ရှိတဲ့ သမီးလေးအကြောင်းကို ပြောပြလာပါတယ်။

ခေတ်လေးကတော့ ဖေဖေနဲ့တူပြီး ရုပ်ပြောင်လေးတွေလုပ်တတ်သလို သမီးငယ်လေး သစ်သစ်ကတော့ မေမေနဲ့တူပြီး အရမ်းချစ်တတ်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်းတဲ့ ခေတ်လေးနဲ့သစ်လေးကို အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections