


Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဘုရားပန်းပူဇော်ချင်တာနဲ့ ကပ်ရောဂါတွေကိုမေ့ပြီး တစ်မြို့လုံးအနှံ့ ပန်းရှာပုံတော်ထွက်ခဲ့ရတယ်ဆိုတဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ကိုက်ညီတဲ့ အသည်းကွဲ အလွမ်းအဆွေးသီချင်းတွေကို သီဆိုရင်း အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးက နေတိုး၊ မိုးစက်ဝိုင်တို့နဲ့အတူတူ သရုပ်ဆောင်ခဲ့တဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ဇာတ်ကားကြီးမှာ မထင်ထားလောက်အောင် ပရိသတ်အားပေးမှုကို ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီး ဂီတနယ်ပယ်မှာရော သရုပ်ဆောင်နယ်ပယ်မှာပါ ကျင်လည်နေပြီပဲ ဖြစ်ပါတယ်။

လူပျိုဘဝမှာတော့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တဲ့ ရွှေထူးက အိမ်ထောင်ကျပြီးသွားချိန်မှာတော့ အရင်ကထက် အများကြီး ရင့်ကျက်တည်ငြိမ်လာခဲ့ပြီး ဘာသာရေးကိုလည်း အချိန်ပေး လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးက ဘုရားပန်းပူဇော်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ကပ်ရောဂါအခြေအနေတွေကိုမေ့ပြီး တစ်မြို့လုံးအနှံ့ စံပယ်ပန်းရှာပုံတော်ထွက်ခဲ့တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ရွှေထူးကတော့ ဝါတွင်းကာလမှာ အသောက်အစားတွေကိုလည်း ရပ်နားထားပြီး ဘာသာရေးနဲ့ ကုသိုလ်ရေးကို အချိန်ပေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections