ခ်စ္စရာေကာင္းတဲ့ ရွမ္းမေလး နန္းျမတ္ျဖိဳးသင္းကေတာ့ အပ်ိဳတုန္းကလည္း ပရိသတ္ေတြရဲ့ သည္းသည္းလႈပ္အားေပးခံရသလို အိမ္ေထာင္က်ျပီး ကေလးေမေမတစ္ေယာက္ျဖစ္သြားခ်ိန္မွာလည္း ပရိသတ္ေတြရဲ့ အခ်စ္ေတြကို မေလ်ာ့စတမ္း ရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ဒုတိယေျမာက္ကိုယ္ဝန္ကို လြယ္ေဆာင္ထားရျပီျဖစ္တဲ့ နန္းျမတ္ျဖိဳးသင္းကေတာ့ အိမ္မွာေနရင္းနဲ့ပဲ သူမကိုယ္သူမ ဂရုစိုက္ေစာင့္ေရွာက္ရင္း မိသားစုေတြနဲ့ အတူတူ အခ်ိန္ကုန္ဆံုးေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

ဆရာဝန္၊ မင္းသမီး၊ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ နန္းျမတ္ျဖိဳးသင္းက ကိုဗစ္ေၾကာင့္ အိမ္ထဲမွာတင္ အမ်ိဳးမ်ိဳး လက္စြမ္းျပရင္း နာမည္အသစ္ေတြ ရရိွေနေၾကာင္းကို “Covidအစြမ္းနဲ႔ စာဖိုမႉး၊ ဆံသဆရာ အတတ္ပညာေတြတိုးလာေနျပီ။ ေယာက္်ားရယ္၊ သားရယ္ ကေတာ့အညႇပ္ခံတယ္။ အေဖကေတာ့ ညႇပ္ေပးမယ္ေလဆိုေတာ့ ရီပဲရီေနတယ္။ သူ႔သမီးလက္စြမ္းကိုေၾကာက္ပုံရတယ္😂” ဆိုျပီး သူမရဲ့ အျဖစ္ေလးကို ေျပာျပလာပါတယ္။

နန္းျမတ္ျဖိဳးသင္းကေတာ့ အိမ္ေထာင္က်ျပီးသည့္တိုင္ေအာင္ မိဘနွစ္ပါးနဲ့အတူတူ ေနထိုင္ရင္း သိုက္သိုက္ဝန္းဝန္းရိွတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း နန္းျမတ္ျဖိဳးသင္းရဲ့ တစ္ေန့တာ ျဖတ္သန္းပံုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nann Myat Phyo Thinn’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆရာဝန်၊ မင်းသမီး၊ အဆိုတော်အပြင် ကိုဗစ်ကြောင့် အခြားဂုဏ်ပုဒ်တွေကိုပါ ရရှိနေတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်စရာကောင်းတဲ့ ရှမ်းမလေး နန်းမြတ်ဖြိုးသင်းကတော့ အပျိုတုန်းကလည်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခံရသလို အိမ်ထောင်ကျပြီး ကလေးမေမေတစ်ယောက်ဖြစ်သွားချိန်မှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို မလျော့စတမ်း ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ အိမ်မှာနေရင်းနဲ့ပဲ သူမကိုယ်သူမ ဂရုစိုက်စောင့်ရှောက်ရင်း မိသားစုတွေနဲ့ အတူတူ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဆရာဝန်၊ မင်းသမီး၊ အဆိုတော်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက ကိုဗစ်ကြောင့် အိမ်ထဲမှာတင် အမျိုးမျိုး လက်စွမ်းပြရင်း နာမည်အသစ်တွေ ရရှိနေကြောင်းကို “Covidအစွမ်းနဲ့ စာဖိုမှူး၊ ဆံသဆရာ အတတ်ပညာတွေတိုးလာနေပြီ။ ယောက်ျားရယ်၊ သားရယ် ကတော့အညှပ်ခံတယ်။ အဖေကတော့ ညှပ်ပေးမယ်လေဆိုတော့ ရီပဲရီနေတယ်။ သူ့သမီးလက်စွမ်းကိုကြောက်ပုံရတယ်😂” ဆိုပြီး သူမရဲ့ အဖြစ်လေးကို ပြောပြလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျပြီးသည့်တိုင်အောင် မိဘနှစ်ပါးနဲ့အတူတူ နေထိုင်ရင်း သိုက်သိုက်ဝန်းဝန်းရှိတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းမြတ်ဖြိုးသင်းရဲ့ တစ်နေ့တာ ဖြတ်သန်းပုံလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Myat Phyo Thinn’s fb
Bilie – Cele Connections