မင္းသမီးေခ်ာ ပိုးၾကာျဖဴခင္ကေတာ့ “ဝကၤပါစံအိမ္” ဇာတ္လမ္းတြဲနဲ့”မိုးေကာင္းကင္အိမ္မက္” ဇာတ္လမ္းတြဲနဲ့ သနားစရာေကာင္းတဲ့ မိန္းကေလး “ဆိုင္းမိုင္”အျဖစ္ ပီပီျပင္ျပင္ သရုပ္ေဆာင္နိုင္ခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့တာ ျဖစ္ပါတယ္။ ပိုးၾကာျဖဴခင္က ေနာက္ပိုင္းမွာလည္း ဇာတ္လမ္းတြဲေတြ အမ်ားအျပား ရိုက္ကူးလ်က္ရိွျပီး လက္ရိွထုတ္လႊင့္ျပသေနတဲ့ “မာယာလွည့္ကြက္’ ဇာတ္လမ္းတြဲမွာလည္း လွ်ိဳ့ဝွက္ခ်က္ေတြမ်ားလြန္းတဲ့ အဏၰဝါမုန္း ဆိုတဲ့ ကာရိုက္တာကေန သရုပ္ေဆာင္ျပီး ပရိသတ္အားေပးမႈကို ရရိွပိုင္ဆိုင္ေနတာပဲ ျဖစ္ပါတယ္။

သရုပ္ေဆာင္ေကာင္းသလို သီခ်င္းဆိုလည္းေကာင္းတဲ့ ပိုးၾကာျဖဴခင္က ဒီကေန့မွာေတာ့ သူမဘဝရဲ့ ေအာင္ျမင္မႈမွတ္တိုင္တစ္ခုျဖစ္တဲ့ “မိုးေကာင္းကင္အိပ္မက္” ဇာတ္ကားထဲက “ဒီေန့နဲ့မနက္ျဖန္” ဆုိတဲ့ သီခ်င္းေလးကို အမွတ္တရျပန္ဆိုျပလာတာကို ေတြ့ရပါတယ္။ ဆိုင္းမိုင္ကို လြမ္းေနၾကတဲ့ ပရိသတ္ေတြအတြက္ ပိုးၾကာျဖဴခင္ ကိုယ္တိုင္သီဆိုထားတဲ့ “ဒီေန့နဲ့မနက္ျဖန္” သီခ်င္းေလးကို မွ်ေဝေပးလုိက္ပါတယ္ေနာ္။

ပိုးၾကာျဖဴခင္ကေတာ့ “မိုးေကာင္းကင္အိပ္မက္” ဇာတ္ကားထဲမွာလည္း ဇာတ္ဝင္ေတးသီခ်င္းကို သူမကိုယ္တိုင္ပဲ သီဆိုခဲ့သလို အျပင္မွာလည္း ကိုယ္ပိုင္သီခ်င္းေတြကို ထြက္ရိွထားခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပိုးၾကာျဖဴခင္ရဲ့ သီခ်င္းေလးကို နားေထာင္ျပီး စိတ္ေတြၾကည္လင္လန္းဆန္းသြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Poe Kyar Phyu Khin ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်ကားထဲက “ဒီနေ့နဲ့မနက်ဖြန်” ဆိုတဲ့ သီချင်းလေးကို အမှတ်တရပြန်ဆိုပြလာတဲ့ ပိုးကြာဖြူခင်

မင်းသမီးချော ပိုးကြာဖြူခင်ကတော့ “ဝင်္ကပါစံအိမ်” ဇာတ်လမ်းတွဲနဲ့”မိုးကောင်းကင်အိမ်မက်” ဇာတ်လမ်းတွဲနဲ့ သနားစရာကောင်းတဲ့ မိန်းကလေး “ဆိုင်းမိုင်”အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေ အများအပြား ရိုက်ကူးလျက်ရှိပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်’ ဇာတ်လမ်းတွဲမှာလည်း လျှို့ဝှက်ချက်တွေများလွန်းတဲ့ အဏ္ဏဝါမုန်း ဆိုတဲ့ ကာရိုက်တာကနေ သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်းကောင်းတဲ့ ပိုးကြာဖြူခင်က ဒီကနေ့မှာတော့ သူမဘဝရဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်တဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်ကားထဲက “ဒီနေ့နဲ့မနက်ဖြန်” ဆိုတဲ့ သီချင်းလေးကို အမှတ်တရပြန်ဆိုပြလာတာကို တွေ့ရပါတယ်။ ဆိုင်းမိုင်ကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ပိုးကြာဖြူခင် ကိုယ်တိုင်သီဆိုထားတဲ့ “ဒီနေ့နဲ့မနက်ဖြန်” သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုးကြာဖြူခင်ကတော့ “မိုးကောင်းကင်အိပ်မက်” ဇာတ်ကားထဲမှာလည်း ဇာတ်ဝင်တေးသီချင်းကို သူမကိုယ်တိုင်ပဲ သီဆိုခဲ့သလို အပြင်မှာလည်း ကိုယ်ပိုင်သီချင်းတွေကို ထွက်ရှိထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်ရဲ့ သီချင်းလေးကို နားထောင်ပြီး စိတ်တွေကြည်လင်လန်းဆန်းသွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Kyar Phyu Khin ‘s fb
Bilie – Cele Connections