အဆိုေတာ္ R ဇာနည္ကေတာ့ ဂီတေလာမွာ ဆယ္စုနွစ္ေက်ာ္တိုင္ ေအာင္ျမင္မႈရရိွေနသလို တစ္ဖက္မွာလည္း သာယာေအးခ်မ္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ R ဇာနည္က သူ့ရဲ့ ေအာင္ျမင္ေနဆဲအခ်ိန္မွာတင္ ေမာ္ဒယ္လ္ ဝမ္းနဲ့ လက္ထပ္ခဲ့တာျဖစ္ျပီး အခုဆိုရင္ သားနွစ္ေယာက္၊ သမီးတစ္ေယာက္နဲ့ ျပီးျပည့္စံုတဲ့ မိသားစုဘဝေလးကို တည္ေဆာက္နိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း R ဇာနည္ရဲ့ အနုပညာလႈပ္ရွားမႈေတြအျပင္ သူ့ရဲ့ ခ်စ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို အားက်ခ်စ္ခင္ၾကတာပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တုိဘာလ (၁၄) ရက္ေန့ကေတာ့ R ဇာနည္ရဲ့ သမီးအငယ္ဆံုးေလး မစ္မစ္တုန္ရဲ့ (၅) လျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ R ဇာနည္တို့ မိသားစုကေတာ့ သမီးေလးရဲ့ ေမြးလတိုင္းမွာ မိသားစုေတြနဲ့ ေမြးေန့ပြဲေလးျပဳလုပ္ေပးသလို ဖစ္ဖစ္တုန္နဲ့ ခ်စ္ခ်စ္တုန္တို့ ညီအစ္ကိုနွစ္ေယာက္ကလည္း ညီမေလးရဲ့ ေမြးေန့ေရာက္တိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ့ ျဖတ္သန္းတာကို အခုလိုပဲ ေတြ့ရပါတယ္။

R ဇာနည္ကေတာ့ ခ်စ္စရာေကာင္းတဲ့ သားနွစ္ေယာက္အျပင္ အသည္းတုန္ေအာင္ ခ်စ္ရမယ့္ သမီးေလးတစ္ေယာက္ပါ ပိုင္ဆိုင္လာခဲ့ျပီမို့ ဘဝမွာျပီးျပည့္စံုခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း R ဇာနည္တို့ မိသားစုရဲ့ ၾကည္နူးစရာ အမွတ္တရေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zarni Myonyunt’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၅) လပြည့်သွားတဲ့ ညီမလေးရဲ့ မွေးနေ့အတွက် Birthday Song ဆိုပြီး ဆင်နွှဲခဲ့ကြတဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်

အဆိုတော် R ဇာနည်ကတော့ ဂီတလောမှာ ဆယ်စုနှစ်ကျော်တိုင် အောင်မြင်မှုရရှိနေသလို တစ်ဖက်မှာလည်း သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ R ဇာနည်က သူ့ရဲ့ အောင်မြင်နေဆဲအချိန်မှာတင် မော်ဒယ်လ် ဝမ်းနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း R ဇာနည်ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူ့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို အားကျချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁၄) ရက်နေ့ကတော့ R ဇာနည်ရဲ့ သမီးအငယ်ဆုံးလေး မစ်မစ်တုန်ရဲ့ (၅) လပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ R ဇာနည်တို့ မိသားစုကတော့ သမီးလေးရဲ့ မွေးလတိုင်းမှာ မိသားစုတွေနဲ့ မွေးနေ့ပွဲလေးပြုလုပ်ပေးသလို ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း ညီမလေးရဲ့ မွေးနေ့ရောက်တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတာကို အခုလိုပဲ တွေ့ရပါတယ်။

R ဇာနည်ကတော့ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်အပြင် အသည်းတုန်အောင် ချစ်ရမယ့် သမီးလေးတစ်ယောက်ပါ ပိုင်ဆိုင်လာခဲ့ပြီမို့ ဘဝမှာပြီးပြည့်စုံခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း R ဇာနည်တို့ မိသားစုရဲ့ ကြည်နူးစရာ အမှတ်တရလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zarni Myonyunt’s fb
Bilie – Cele Connections