မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ရွည္လ်ားတဲ့အရပ္အေမာင္း၊ ေယာက်ာ္းဆန္ျပီး အေနအထိုင္တည္ၾကည္လြန္းတာမို့ မိန္းကေလးေတြရဲ့ အသည္းနွလံုးကို ဖမ္းစားထားနိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ ျပည္တြင္းက ပရိသတ္ေတြရဲ့ အားေပးျခင္းကုိသာမကပဲ ထုိင္း၊ ကေမၻာဒီးယား၊ ဂ်ပန္၊ လာအိုစတဲ့ အိမ္နီးခ်င္း အာရွနိုင္ငံေတြဆီမွာပါ အားေပးသူ ပရိသတ္ အမ်ားအျပားကို ရရိွပိုင္ဆိုင္ထားျပီး ျပည္ပနိုင္ငံေတြအထိ ထိုးေဖာက္ေအာင္ျမင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ကမၻာကသိတဲ့ ျမန္မာမင္းသားအျဖစ္ နိုင္ငံ့ဂုဏ္ကို ထမ္းေဆာင္နိုင္ခဲ့တဲ့ ပိုင္တံခြန္က ဒီတစ္ခါမွာလည္း ျမန္မာပရိသတ္ေတြ ဂုဏ္ယူစရာအေၾကာင္းအရာတစ္ခုကို သယ္ေဆာင္လာျပန္ပါျပီ။

Tccandler ရဲ႕ The Most Handsome Face Of 2020 မွာ ကမၻာေက်ာ္မင္းသားေတြျဖစ္တဲ့ Jason Momoa, Chris Evans, Keanu Reeves, Leonardo Dicaprio, Tom Cruise Michele Morrone, Lucas Bravo တို့နဲ့အတူတူ အာရွတိုက္ရဲ့ နာမည္ၾကီးမင္းသားေတြျဖစ္တဲ့ Park Seo Joon, Kim Soo Hyun, Hyun Bin, Metawin Opas Iamkjorn, Bright, Wang Yibo, Fawad Khan စတဲ့ မင္းသားေတြပါဝင္ျပီး ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ့ကေတာ့ ပိုင္တံခြန္တစ္ေယာက္တည္းသာ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ The Most Handsome Face Of 2020 မွာ ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ့ ဆန္ကာတင္စာရင္းဝင္ခဲ့ျပီ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ကိုယ့္နိုင္ငံက မင္းသားေခ်ာတစ္ေယာက္အေနနဲ့ ပထမဦးဆံုး ပါဝင္လာတဲ့ ပိုင္တံခြန္ကို Tccandler ရဲ႕ အင္စတာဂရမ္စာမ်က္နွာမွာ သြားေရာက္ဝန္းရံေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Tccandler ‘s ig
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကမ္ဘာကျော်မင်းသားတွေနဲ့အတူတူ Tccandler ရဲ့ The Most Handsome Face Of 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆန်ကာတင်စာရင်းဝင်နိုင်ခဲ့တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ ရှည်လျားတဲ့အရပ်အမောင်း၊ ယောကျာ်းဆန်ပြီး အနေအထိုင်တည်ကြည်လွန်းတာမို့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ပြည်တွင်းက ပရိသတ်တွေရဲ့ အားပေးခြင်းကိုသာမကပဲ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင်ထားပြီး ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာကသိတဲ့ မြန်မာမင်းသားအဖြစ် နိုင်ငံ့ဂုဏ်ကို ထမ်းဆောင်နိုင်ခဲ့တဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာလည်း မြန်မာပရိသတ်တွေ ဂုဏ်ယူစရာအကြောင်းအရာတစ်ခုကို သယ်ဆောင်လာပြန်ပါပြီ။

Tccandler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာကျော်မင်းသားတွေဖြစ်တဲ့ Jason Momoa, Chris Evans, Keanu Reeves, Leonardo Dicaprio, Tom Cruise Michele Morrone, Lucas Bravo တို့နဲ့အတူတူ အာရှတိုက်ရဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Park Seo Joon, Kim Soo Hyun, Hyun Bin, Metawin Opas Iamkjorn, Bright, Wang Yibo, Fawad Khan စတဲ့ မင်းသားတွေပါဝင်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ကတော့ ပိုင်တံခွန်တစ်ယောက်တည်းသာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ The Most Handsome Face Of 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ကိုယ့်နိုင်ငံက မင်းသားချောတစ်ယောက်အနေနဲ့ ပထမဦးဆုံး ပါဝင်လာတဲ့ ပိုင်တံခွန်ကို Tccandler ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ သွားရောက်ဝန်းရံပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Tccandler ‘s ig
Bilie – Cele Connections