အဆိုေတာ္ ေရႊထူးကေတာ့ အနုပညာေလာကမွာ ေအာင္ျမင္မႈရရိွေနရံုသာမက ခ်စ္စရာေကာင္းျပီး တစ္နိုင္ငံလံုးက ခ်စ္ခင္အားေပးရတဲ့ မင္းသမီးေခ်ာေလး ေရႊမႈံရတီကို အပိုင္သိမ္းထားနိုင္တဲ့ ကံေကာင္းသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီက အနုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနလ်က္ရိွ သလို ပရိသတ္ေတြရဲ့ အာရံုစိုက္ စိတ္ဝင္စားျခင္းကုိ အမ်ားဆံုးခံရတဲ့ စံုတြဲေလးပဲ ျဖစ္ပါတယ္။ ေရႊထူးကေတာ့ ေရႊမႈံရတီထက္ အသက္ၾကီးေပမယ့္ ခ်စ္ဇနီးရဲ့စကားကိုဆိုနားေထာင္ျပီး ခ်စ္ဇနီးျဖစ္ခ်င္သမွ်ကို လိုက္ေလ်ာေပးတတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေရႊထူးက သူ့စိတ္ၾကိဳက္ဂိမ္းေဆာ့ခြင့္ရရိွခဲ့တဲ့အေၾကာင္းကို “ကြၽန္ေတာ့တစ္ေယာက္တည္းအတြက္ ဝမ္းသာစရာသတင္းတစ္ခုရွိပါတယ္။ အဲ့တာကေတာ့… တစ္ပတ္ကိုတစ္ရက္ ညေနေစာင္း ၆ နာရီမွ ၈နာရီထိ ႀကိဳက္တဲ့ Game ျပန္ေဆာ့ခြင့္ရခဲ့ပါၿပီ။ ဒန္တန္တန္… မေလွ်ာ့ေသာဇြဲလုံးလတို႔နဲ႔ ႀကိဳးစားလိုက္တာ ဂိမ္းေျမကိုျပန္ေျခခ်ခြင့္ရခဲ့ၿပီ … 🤩🤩🤩 ဟီးးးးးးးးးးးဟားးးးးးးးးဟိုးးးးးးးးးး 😁😁😁” ဆိုျပီး အေပ်ာ္ေတြလြန္ျပီး ေဖ့စ္ဘုတ္မွာ Sts တင္ခဲ့ပါတယ္။ ထိုပို့စ္ေအာက္မွာပဲ ေရႊမႈံရတီက “၈ နာရီထပ္ေက်ာ္ရင္ ၿခံျပင္ မွာ အိပ္ခင္းထားေပးမယ္ေနာ္ ကိုေ႐ႊထူး 🤬ဟင္း……ဟင္း…….ဟင္း….🤨တစ္ပတ္တစ္ခါဆိုတာ ပါထည့္ေရးေလကိုေ႐ႊ🥳” ဆိုျပီး သတိေပးခဲ့တာေၾကာင့္ ပရိသတ္ေတြခမ်ာ သေဘာက်ခဲ့ရတာပဲ ျဖစ္ပါတယ္။

ေရႊထူးကေတာ့ ဂိမ္းေဆာ့ခြင့္ပါမစ္ကို ခ်စ္ဇနီးဆီက ခက္ခက္ခဲခဲရရိွခဲ့ေပမယ့္ အခ်ိန္အကန့္အသတ္နဲ့သာ ေဆာ့ရမယ့္အေၾကာင္း ေရႊမႈံရတီက ထပ္မံျပီး သတိေပးခဲ့တာေၾကာင့္ ပရိသတ္ေတြခမ်ာ သေဘာက်ခဲ့ရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မလျှော့သောဇွဲလုံလတို့နဲ့ ကြိုးစားခဲ့တာကြောင့် ချစ်ဇနီးဆီက ခွင့်ပြုချက်ကြီးကြီးမားမားတစ်ခုကို ရရှိခဲ့တဲ့ ရွှေထူး

အဆိုတော် ရွှေထူးကတော့ အနုပညာလောကမှာ အောင်မြင်မှုရရှိနေရုံသာမက ချစ်စရာကောင်းပြီး တစ်နိုင်ငံလုံးက ချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေး ရွှေမှုံရတီကို အပိုင်သိမ်းထားနိုင်တဲ့ ကံကောင်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေလျက်ရှိ သလို ပရိသတ်တွေရဲ့ အာရုံစိုက် စိတ်ဝင်စားခြင်းကို အများဆုံးခံရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ ရွှေမှုံရတီထက် အသက်ကြီးပေမယ့် ချစ်ဇနီးရဲ့စကားကိုဆိုနားထောင်ပြီး ချစ်ဇနီးဖြစ်ချင်သမျှကို လိုက်လျောပေးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရွှေထူးက သူ့စိတ်ကြိုက်ဂိမ်းဆော့ခွင့်ရရှိခဲ့တဲ့အကြောင်းကို “ကျွန်တော့တစ်ယောက်တည်းအတွက် ဝမ်းသာစရာသတင်းတစ်ခုရှိပါတယ်။ အဲ့တာကတော့… တစ်ပတ်ကိုတစ်ရက် ညနေစောင်း ၆ နာရီမှ ၈နာရီထိ ကြိုက်တဲ့ Game ပြန်ဆော့ခွင့်ရခဲ့ပါပြီ။ ဒန်တန်တန်… မလျှော့သောဇွဲလုံးလတို့နဲ့ ကြိုးစားလိုက်တာ ဂိမ်းမြေကိုပြန်ခြေချခွင့်ရခဲ့ပြီ … 🤩🤩🤩 ဟီးးးးးးးးးးးဟားးးးးးးးးဟိုးးးးးးးးးး 😁😁😁” ဆိုပြီး အပျော်တွေလွန်ပြီး ဖေ့စ်ဘုတ်မှာ Sts တင်ခဲ့ပါတယ်။ ထိုပို့စ်အောက်မှာပဲ ရွှေမှုံရတီက “၈ နာရီထပ်ကျော်ရင် ခြံပြင် မှာ အိပ်ခင်းထားပေးမယ်နော် ကိုရွှေထူး 🤬ဟင်း……ဟင်း…….ဟင်း….🤨တစ်ပတ်တစ်ခါဆိုတာ ပါထည့်ရေးလေကိုရွှေ🥳” ဆိုပြီး သတိပေးခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ ဂိမ်းဆော့ခွင့်ပါမစ်ကို ချစ်ဇနီးဆီက ခက်ခက်ခဲခဲရရှိခဲ့ပေမယ့် အချိန်အကန့်အသတ်နဲ့သာ ဆော့ရမယ့်အကြောင်း ရွှေမှုံရတီက ထပ်မံပြီး သတိပေးခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections