




ယူနီကုဒ်ဖြင့်ဖတ်ရန်

ပြည်သူချစ်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက သရုပ်ဆောင်လောကမှာ ထိပ်ဆုံးက ရပ်တည်နေသလို ရွှေထူးကလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကကတော့ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့်သာမက ကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ရပ်နားထားသလို အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ ရွှေမှုံရတီကတော့ တော်တော်လေးကို ပျင်းနေတာကြောင့် “ပျင်းလွန်းလို့ရူးတော့မယ် 😓” ဆိုပြီး ငြီးတွားနေခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီရဲ့ ထိုပို့စ်အောက်မှာ ရွှေထူးက “ပျင်းရင်လည်း ရူးလို့ရပါတယ်… အိမ်မှာရှိတဲ့ Tattoos နဲ့ ဘဲကြီးကိုတော့ ပျင်းလို့ဆိုပြီး ဘူလီ လိုက်မလုပ်ပါနဲ့… 😑” ဆိုပြီး ပြောခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျမဆုံး ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ အသက်ငယ်ရွယ်သူတစ်ယောက်ပီပီ ရွှေထူးကို ကလေးဆိုးလေးတစ်ယောက်လို နွဲ့ဆိုးဆိုးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်ဇနီးလေးဆီမှာ အနိုင်ကျင့်ခံနေရတဲ့ ရွှေထူးကို သနားနေကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်