


ယူနီကုဒ်ဖြင့်ဖတ်ရန်

မနှစ်က အသက်(၂၂)နှစ်ပြည့်မွေးနေ့မှာ “မာယာလှည့်ကွက်” အဖွဲ့သားတွေတိုက်တဲ့ Surprise ကြောင့် ပျော်ရွှင်ခဲ့ရပုံကို မျှဝေပေးလာတဲ့ မင်းဘုန်းမြတ်

တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းဘုန်းမြတ်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးသူဆိုပေမယ့် လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင်မင်းသားအဖြစ် ပထမဦးဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။ မင်းဘုန်းမြတ်ကတော့ ဝါနုသေးတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်ချီးကျူးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းဘုန်းမြတ်က သူ့ရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့မှာ ာ “မာယာလှည့်ကွက်” အဖွဲ့သားတွေတိုက်တဲ့ Surprise ကြောင့် ပျော်ရွှင်ခဲ့ရပုံကို မျှဝေပြောပြလာခဲ့ပါတယ်။

“မှတ်မှတ်ရရ ဒီနေ့လာတဲ့ Scene ရိုက်တဲ့အချိန် မနှစ်က ကျွန်တော့် ၂၂ ပြည့်မွေးနေ့နဲ့ကြုံတယ်။ သူတို့တိုက်တဲ့ Surprise ကြောင့်ပျော်နေတဲ့ရုပ်ကိုမေး ပထမဆုံးအလုပ်မှာမွေးနေ့ကိုဖြတ်သန်းဖူးတဲ့အတွေ့အကြုံဆိုတော့လည်းပိုပျော်ရပါတယ်။ ခုပုံတင်ဖို့ကြည့်တော့ပြန်တွေ့တာနဲ့အမှတ်တရ ပြန်တင်မယ်ဗျာ။ မာယာလှည့်ကွက်တစ်ဖွဲ့သားလုံးကို လွမ်းနေပါသည်” ဆိုပြီး သူ့ရဲ့ အသက် (၂၂) နှစ်ပြည့် မွေးနေ့အမှတ်တရလေးကို မျှဝေပေးလာခဲ့ပါတယ်။

မင်းဘုန်းမြတ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက် (၂၃) နှစ် ပြည့်သွားခဲ့တာမို့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ ရိုက်ကူးချိန်နဲ့ ထုတ်လွှင့်ပြသချိန်က တစ်နှစ်တိတိကြာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးလည်း “မာယာလှည့်ကွက်” အဖွဲ့သားတွေရဲ့ ပျော်ရွှင်စရာပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: MinPhone Myat’s fb
Bilie – Cele Connections