နိုင္ငံေက်ာ္ အဆိုေတာ္ ေနဝင္းနဲ႔ ခရီးသြားဘေလာ္ဂါမေလး အိမ့္ခ်စ္ေခ်ာတို႔အတြဲက ခ်စ္သူေတြအျဖစ္ (၁၁)နွစ္နီးပါးတိုင္ လက္တြဲလာခဲ့ၿပီး အခုဆိုရင္ ႏွစ္ကိုယ္တူဘဝေလးကို တည္ေဆာက္ထားၾကၿပီပဲ ျဖစ္ပါတယ္။ ဧၿပီ (၂၅) ရက္ေန႔မွာ မဂၤလာပြဲက်င္းပဖို႔ စီစဥ္ထားတဲ့ ေနဝင္းတို႔ အတြဲေလးက ကပ္ေရာဂါအေျခအေနေၾကာင့္ လက္ထပ္ပြဲကို ေ႐ႊ႕ဆိုင္းလိုက္ရၿပီး ေနအိမ္မွာပဲ လက္မွတ္ထိုး အက်ဥ္း႐ုံး လက္ထပ္ထားခဲ့ကာ အခုဆိုရင္ ၾကင္စဦးဇနီးေမာင္နွံဘဝေလးကို ျဖတ္သန္းေနျပီပဲ ျဖစ္ပါတယ္။

ငယ္ငယ္ကတည္းက တစ္ေယာက္တည္းကိုသာ သစၥာရိွရိွခ်စ္ခဲ့ျပီး အိမ္ေထာင္က်ျပီးသြားခ်ိန္မွာလည္း ခ်စ္ဇနီးအေပၚ အရိပ္တၾကည့္ၾကည့္ ခ်စ္လြန္းတဲ့ ေနဝင္းကေတာ့ တကယ့္ကို ေယာက်ာ္းေကာင္းပီသသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေနဝင္းက ခ်စ္ဇနီးရဲ့ ဆံပင္ေလးေတြကအစ ေျခာက္ေသြ့ေအာင္သုတ္ေပးေနျပီး ဂရုစိုက္ၾကင္နာေနတာကို ေနဝင္းရဲ့ ဇနီးေခ်ာ အိမ့္ခ်စ္ေခ်ာက သူမရဲ့ ေဖ့စ္ဘုတ္ Story ကေနတဆင့္ မွ်ေဝေပးထားပါတယ္။

ေနဝင္းကေတာ့ သီခ်င္းေတြထဲမွာ အရမ္းၾကမ္းတဲ့ Rapper ၾကီးတစ္ေယာက္ျဖစ္ေပမယ့္ ကိုယ္ခ်စ္တဲ့ မိန္းကေလးအေပၚမွာေတာ့ ၾကင္နာျပဖို့ ဝန္မေလးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနဝင္းတို့ ဇနီးေမာင္နွံနွစ္ေယာက္ရဲ့ ၾကည္နူးစရာျမင္ကြင္းေလးကိုၾကည့္ျပီး အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eaint Chit Chaw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်သူဘဝမှာလည်း တစ်ယောက်တည်းကိုသာချစ်ခဲ့သလို အိမ်ထောင်သည်ဘဝမှာလည်း ချစ်ဇနီးအပေါ် ဂရုတစိုက်ရှိလွန်းတဲ့ နေဝင်း

နိုင်ငံကျော် အဆိုတော် နေဝင်းနဲ့ ခရီးသွားဘလော်ဂါမလေး အိမ့်ချစ်ချောတို့အတွဲက ချစ်သူတွေအဖြစ် (၁၁)နှစ်နီးပါးတိုင် လက်တွဲလာခဲ့ပြီး အခုဆိုရင် နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားကြပြီပဲ ဖြစ်ပါတယ်။ ဧပြီ (၂၅) ရက်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတဲ့ နေဝင်းတို့ အတွဲလေးက ကပ်ရောဂါအခြေအနေကြောင့် လက်ထပ်ပွဲကို ရွှေ့ဆိုင်းလိုက်ရပြီး နေအိမ်မှာပဲ လက်မှတ်ထိုး အကျဉ်းရုံး လက်ထပ်ထားခဲ့ကာ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဘဝလေးကို ဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက တစ်ယောက်တည်းကိုသာ သစ္စာရှိရှိချစ်ခဲ့ပြီး အိမ်ထောင်ကျပြီးသွားချိန်မှာလည်း ချစ်ဇနီးအပေါ် အရိပ်တကြည့်ကြည့် ချစ်လွန်းတဲ့ နေဝင်းကတော့ တကယ့်ကို ယောကျာ်းကောင်းပီသသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေဝင်းက ချစ်ဇနီးရဲ့ ဆံပင်လေးတွေကအစ ခြောက်သွေ့အောင်သုတ်ပေးနေပြီး ဂရုစိုက်ကြင်နာနေတာကို နေဝင်းရဲ့ ဇနီးချော အိမ့်ချစ်ချောက သူမရဲ့ ဖေ့စ်ဘုတ် Story ကနေတဆင့် မျှဝေပေးထားပါတယ်။

နေဝင်းကတော့ သီချင်းတွေထဲမှာ အရမ်းကြမ်းတဲ့ Rapper ကြီးတစ်ယောက်ဖြစ်ပေမယ့် ကိုယ်ချစ်တဲ့ မိန်းကလေးအပေါ်မှာတော့ ကြင်နာပြဖို့ ဝန်မလေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာမြင်ကွင်းလေးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaint Chit Chaw’s fb
Bilie – Cele Connections