


ယူနီကုဒ်ဖြင့်ဖတ်ရန်

ကလေးတွေကို အမြဲတမ်းသတိတရနဲ့ လှူဒါန်းပေးတဲ့ စမိုင်းလ်တို့ မိသားစုအတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမကိုယ်တိုင်လည်း ပရဟိအလှူတွေကို လိုက်လံပြုလုပ်နေသလို အလှူရှင်တွေတစ်ယောက်ချင်းစီတိုင်းကိုလည်း လေးလေးစားစား ကျေးဇူးတင်စကားပြောလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့ ဂေဟာလေးကို ငွေကျပ် (၁၀) သိန်း လှူဒါန်းပေးတဲ့ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

“ညီမလေး smile မှ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့ အကြို အလှူ အဖြစ် ကလေးတွေအတွက် ငွေကျပ် ဆယ်သိန်း လှမ်းပြီး လှူဒါန်းပေးပါတယ်ရှင်။ ကျွန်မ ကလေးတွေကို အမြဲ သတိရပြီး လှူပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ညီမလေးရေ..ဒီထက်မက အများကြီး လှူနိုင်ပါစေ..ဒီထက်မက အောင်မြင်ပါစေလို့ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..” ဆိုပြီး အလှူရှင် စမိုင်းလ်တို့ မိသားစုကို ကျေးဇူးတင်စကားပြောပေးခဲ့ပါတယ်။

စမိုင်းလ်တို့ မိသားစုကတော့ အိမ်ထောင်ဦးစီးကြီး ကိုပြည့်မောင်ရဲ့ မွေးနေ့အမှတ်တရအဖြစ် အောက်တိုဘာလ (၂၂) ရက်နေ့အထိ နေ့စဉ်နေ့တိုင်း အလှူအတန်းတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့မိသားစုရဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai ‘s fb
Bilie – Cele Connections