နိုင္ငံေက်ာ္ သရုပ္ေဆာင္နွစ္ေယာက္ျဖစ္တဲ့ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့ကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြအတူတူ ရိုက္ကူးရင္း “သစ္ရြက္စိမ္းေလးရဲ့အခ်စ္” ဇာတ္ကားမွာ ဖူးစာဆံုခဲ့ၾကသူမ်ား ျဖစ္ၾကပါတယ္။ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့က ေအာင္ျမင္ေနၾကတဲ့ အနုပညာရွင္ေတြပီပီ လက္ထပ္ျပီးသြားတဲ့အခ်ိန္မွာလည္း ပရိသတ္အာရံုစိုက္မႈကို အမ်ားဆံုးခံရတဲ့ အနုပညာရွင္စံုတြဲပဲ ျဖစ္ပါတယ္။ လက္ရိွမွာ သားသမီးနွစ္ေယာက္ ထြန္းကားေနျပီျဖစ္တဲ့ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္က အနုပညာအလုပ္ေတြကိုလုပ္ကိုင္ရင္းနဲ့ပဲ သာယာေအးခ်မ္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၁၄) ရက္ေန့ကေတာ့ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့ရဲ့ သမီးၾကီးေျပသုျဒာရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေျပသုျဒာေလးအတြက္ ေျပတီဦးရဲ့အစ္မလည္းျဖစ္သလို Silver Egg ရုပ္ရွင္ထုတ္လုပ္ေရးပိုင္ရွင္ျဖစ္သူ ေငြတီဦးက “အခ်စ္ရဆုံးတူမေလးေရ..ဆုေတာင္းတိုင္းကို ၾကားႏိုင္တဲ့နားက ဘုရားမွာ ပါခ်င္မွပါမွာ။ ဘုရားက စိတ္မာေတာ့ ၾကားရင္ေတာင္ ျဖည့္ဆည္းခ်င္မွ ျဖည့္ဆည္းေပးမွာ။ အဲဒီေတာ့ ဘယ္သူ႔ဆီမွာမွ တိုင္တည္ဆုေတာင္းမေနပဲ ကိုယ္လိုခ်င္ ျဖစ္ခ်င္တာကို ကိုယ္တိုင္ရယူပိုင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားႏိုင္တဲ့သူ ျဖစ္ပါေစ သမီးေလးေရ။ လိုခ်င္သည္ျဖစ္ေစ မလိုခ်င္သည္ျဖစ္ေစ ႀကဳံေတြ႕လာႏိုင္တဲ့ ေလာကဓံကို ႀကံ့ႀကံ့ခံၿပီး ေအာင္ျမင္ေအာင္ ေက်ာ္ျဖတ္ႏိုင္တဲ့သူျဖစ္ႏိုင္ပါေစ။ ေကာင္းတဲ့ကံကို ကိုယ္တိုင္တည္ေဆာက္ၿပီး မိမိပိုင္ဆိုင္တဲ့ ဥာဏ္နဲ႔ဝိရိယကိုေပါင္းလို႔ ျပည့္စုံတဲ့ဘဝကို ဆုေတာင္းစရာမလိုဘဲ ပိုင္ဆိုင္ႏိုင္ပါေစလို႔ ..Happy Birthday ပါ ခ်စ္ဆုံး သုသုေလး ေရ..” ဆိုျပီး ေမြးေန့ဆုေတာင္းေပးခဲ့ပါတယ္။

ေငြတီဦးကေတာ့ သူမကိုယ္တိုင္လည္း အိမ္ေထာင္ရွင္တစ္ေယာက္ျဖစ္ေပမယ့္ တူ၊ တူမေလးေတြအေပၚလည္း သံေယာဇဥ္ရိွျပီး ေမာင္ျဖစ္သူ ေျပတီဦးကိုလည္း အရမ္းခ်စ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီေန့ရဲ့ ေမြးေန့ရွင္ေလး ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့ရဲ့သမီးၾကီး ေျပသုျဒာအတြက္ ေမြးေန့ဆုေတာင္းစကားေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ngweti Oo ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အချစ်ရဆုံးတူမလေးဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့သမီးကြီး ပြေသုဒြာအတွက် လေးလေးနက်နက်မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ငွေတီဦး

နိုင်ငံကျော် သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေအတူတူ ရိုက်ကူးရင်း “သစ်ရွက်စိမ်းလေးရဲ့အချစ်” ဇာတ်ကားမှာ ဖူးစာဆုံခဲ့ကြသူများ ဖြစ်ကြပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က အောင်မြင်နေကြတဲ့ အနုပညာရှင်တွေပီပီ လက်ထပ်ပြီးသွားတဲ့အချိန်မှာလည်း ပရိသတ်အာရုံစိုက်မှုကို အများဆုံးခံရတဲ့ အနုပညာရှင်စုံတွဲပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သားသမီးနှစ်ယောက် ထွန်းကားနေပြီဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့ပဲ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၄) ရက်နေ့ကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးကြီးပြေသုဒြာရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပြေသုဒြာလေးအတွက် ပြေတီဦးရဲ့အစ်မလည်းဖြစ်သလို Silver Egg ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်သူ ငွေတီဦးက “အချစ်ရဆုံးတူမလေးရေ..ဆုတောင်းတိုင်းကို ကြားနိုင်တဲ့နားက ဘုရားမှာ ပါချင်မှပါမှာ။ ဘုရားက စိတ်မာတော့ ကြားရင်တောင် ဖြည့်ဆည်းချင်မှ ဖြည့်ဆည်းပေးမှာ။ အဲဒီတော့ ဘယ်သူ့ဆီမှာမှ တိုင်တည်ဆုတောင်းမနေပဲ ကိုယ်လိုချင် ဖြစ်ချင်တာကို ကိုယ်တိုင်ရယူပိုင်ဆိုင်နိုင်အောင် ကြိုးစားနိုင်တဲ့သူ ဖြစ်ပါစေ သမီးလေးရေ။ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကြုံတွေ့လာနိုင်တဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး အောင်မြင်အောင် ကျော်ဖြတ်နိုင်တဲ့သူဖြစ်နိုင်ပါစေ။ ကောင်းတဲ့ကံကို ကိုယ်တိုင်တည်ဆောက်ပြီး မိမိပိုင်ဆိုင်တဲ့ ဉာဏ်နဲ့ဝိရိယကိုပေါင်းလို့ ပြည့်စုံတဲ့ဘဝကို ဆုတောင်းစရာမလိုဘဲ ပိုင်ဆိုင်နိုင်ပါစေလို့ ..Happy Birthday ပါ ချစ်ဆုံး သုသုလေး ရေ..” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

ငွေတီဦးကတော့ သူမကိုယ်တိုင်လည်း အိမ်ထောင်ရှင်တစ်ယောက်ဖြစ်ပေမယ့် တူ၊ တူမလေးတွေအပေါ်လည်း သံယောဇဉ်ရှိပြီး မောင်ဖြစ်သူ ပြေတီဦးကိုလည်း အရမ်းချစ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီနေ့ရဲ့ မွေးနေ့ရှင်လေး ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့သမီးကြီး ပြေသုဒြာအတွက် မွေးနေ့ဆုတောင်းစကားပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ngweti Oo ‘s fb
Bilie – Cele Connections