ျပည္သူခ်စ္ အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ကေတာ့ အလွမယ္ျပိဳင္ပြဲေတြကေနတဆင့္ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး နိုင္ငံေက်ာ္ ထိပ္တန္းမင္းသမီးအျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ အိျႏၵာေက်ာ္ဇင္က သူမရဲ့ အနုပညာလႈပ္ရွားမႈေတြကို ရပ္နားထားျပီး မိသားစုေတြနဲ့အတူတူ အခ်ိန္ေတြကုန္ဆံုးေနလ်က္ရိွပါတယ္။ အနုပညာလႈပ္ရွားမႈေတြ မလုပ္ကိုင္ျဖစ္ေပမယ့္ အိျႏၵာေက်ာ္ဇင္ကေတာ့ သူမရဲ့ ပရိသတ္ေတြနဲ့ အျမဲတမ္း ထိေတြ့နိုင္ဖို့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ သူမရဲ့ တစ္ေန့တာ လႈပ္ရွားမႈေတြကို မၾကာခဏ မွ်ေဝေပးေနတာပဲ ျဖစ္ပါတယ္။

ရႈတင္မရိွတုန္းေလး ဝါသနာပါရာအလုပ္ေလးေတြကို လုပ္ကိုင္ေနတဲ့ အိျႏၵာေက်ာ္ဇင္က ပန္းခ်ီေလးေတြလည္း ဆြဲျဖစ္ေနျပီး သူမဆြဲထားသမွ် ပန္းခ်ီကားလက္ရာေတြကို ပရိသတ္ေတြဆီ ခ်ျပေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ အိျႏၵာေက်ာ္ဇင္က သူမဆြဲထားသမွ် ပန္းခ်ီကားေလးေတြကိုျပရင္း ေမေမပန္းခ်ီဆြဲရင္ နံေဘးကေန အားက်မခံ ပံုေလးေတြလုိက္ဆြဲတဲ့ သမီးၾကီးသုသုရဲ့ ပံုရိပ္ေလးကို ခ်ျပလာခဲ့ပါတယ္။

အိျႏၵာေက်ာ္ဇင္ရဲ့ သမီးၾကီး ေျပသုျဒာကေတာ့ အေနေအးျပီး စကားနည္းကာ ေမေမနဲ့တူတဲ့ အမူအက်င့္ေလးေတြမ်ားစြာကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဝါသနာခ်င္းလည္းတူ၊ အက်င့္ခ်င္းလည္းတူတဲ့ အိျႏၵာေက်ာ္ဇင္တို့ သားအမိနွစ္ေယာက္ရဲ့ ပံုရိပ္ေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မေမေပန်းချီဆွဲရင် ဘေးနားကနေ အားကျမခံ ပုံလေးတွေလိုက်ဆွဲတတ်တဲ့ ဝါသနာတူ သမီးကြီးသုသုအကြောင်းကို ပြောပြလာတဲ့ အိန္ဒြာကျော်ဇင်

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အလှမယ်ပြိုင်ပွဲတွေကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး နိုင်ငံကျော် ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး မိသားစုတွေနဲ့အတူတူ အချိန်တွေကုန်ဆုံးနေလျက်ရှိပါတယ်။ အနုပညာလှုပ်ရှားမှုတွေ မလုပ်ကိုင်ဖြစ်ပေမယ့် အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ ပရိသတ်တွေနဲ့ အမြဲတမ်း ထိတွေ့နိုင်ဖို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို မကြာခဏ မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။

ရှုတင်မရှိတုန်းလေး ဝါသနာပါရာအလုပ်လေးတွေကို လုပ်ကိုင်နေတဲ့ အိန္ဒြာကျော်ဇင်က ပန်းချီလေးတွေလည်း ဆွဲဖြစ်နေပြီး သူမဆွဲထားသမျှ ပန်းချီကားလက်ရာတွေကို ပရိသတ်တွေဆီ ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမဆွဲထားသမျှ ပန်းချီကားလေးတွေကိုပြရင်း မေမေပန်းချီဆွဲရင် နံဘေးကနေ အားကျမခံ ပုံလေးတွေလိုက်ဆွဲတဲ့ သမီးကြီးသုသုရဲ့ ပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ သမီးကြီး ပြေသုဒြာကတော့ အနေအေးပြီး စကားနည်းကာ မေမေနဲ့တူတဲ့ အမူအကျင့်လေးတွေများစွာကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝါသနာချင်းလည်းတူ၊ အကျင့်ချင်းလည်းတူတဲ့ အိန္ဒြာကျော်ဇင်တို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections