ျမန္မာနိုင္ငံရဲ့ K pop အဖြဲ့ျဖစ္တဲ့ Project K အဖြဲ့ကေတာ့ အဖြဲ့ဝင္ (၇) ေယာက္နဲ့ ဖြဲ့စည္းထားျပီး သီခ်င္းဆိုေရာ အကပါ ေကာင္းမြန္တာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ေန့တစ္ျခား ရရိွထားတာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရက္ပိုင္းကေတာ့ Project K အဖြဲ့က ေတာင္ကိုရီးယားနိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ Asia Song Festival 2020 မွာ ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ့ သြားေရာက္ေဖ်ာ္ေျဖခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ စင္ေပၚမွာ ေဖ်ာ္ေျဖေနတုန္းအခ်ိန္မွာ ၾကမ္းခင္း LED မွာ ေရႊတိဂံုဘုရားရဲ့ ပံုရိပ္ေပၚေနတာေၾကာင့္ ဘုရားပံုကို တက္နင္းျပီး ေဖ်ာ္ေျဖတယ္ဆိုျပီး ျပင္းျပင္းထန္ထန္ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၁၃) ရက္ေန့မွာေတာ့ Project K အဖြဲ့က ေတာင္ကိုရီးယားနုိင္ငံကေန ျမန္မာနိုင္ငံကို ျပန္လည္ေရာက္ရိွလာခဲ့ျပီး Project K အဖြဲ့ကုိ ဆႏၵျပသူေတြကလည္း ေလဆိပ္မွာ ေစာင့္ဆိုင္းေနၾကတာပဲ ျဖစ္ပါတယ္။ Project K ကို ခ်စ္တဲ့ပရိသတ္ေတြကေတာ့ Project K အဖြဲ့သားေတြအတြက္ စိတ္ပူေနၾကေပမယ့္ သူတို့တစ္ဖြဲ့သားလံုး ေခ်ာေခ်ာေမြ့ေမြ့နဲ့ အိမ္ျပန္ေရာက္ေနျပီျဖစ္ျပီး စိတ္ပူေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္တဲ့အေၾကာင္းကို အဖြဲ့ဝင္တစ္ဦးျဖစ္သူ William က သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အသိေပးထားပါတယ္။

Project K အဖြဲ့ကေတာ့ စိတ္ဆိုးၾကတဲ့ ပရိသတ္ေတြကို ေသေသခ်ာခ်ာ ေတာင္းပန္ျပီးျဖစ္သလို ပြဲစီစဥ္တဲ့ ကိုရီးယားဘက္ကလည္း ေတာင္းပန္ျပီးခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း Project K အဖြဲ့ကို အျပစ္မျမင္ပဲ နိုင္ငံ့ဂုဏ္ေဆာင္နိုင္သူေတြအျဖစ္ ဆက္ခ်စ္ေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: William Tun’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ချောချောမွေ့မွေ့ပြန်ရောက်နေပြီဖြစ်တဲ့အကြောင်းကို အသိပေးလာခဲ့တဲ့ Project K အဖွဲ့ဝင် William

မြန်မာနိုင်ငံရဲ့ K pop အဖွဲ့ဖြစ်တဲ့ Project K အဖွဲ့ကတော့ အဖွဲ့ဝင် (၇) ယောက်နဲ့ ဖွဲ့စည်းထားပြီး သီချင်းဆိုရော အကပါ ကောင်းမွန်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်နေ့တစ်ခြား ရရှိထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ Project K အဖွဲ့က တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စင်ပေါ်မှာ ဖျော်ဖြေနေတုန်းအချိန်မှာ ကြမ်းခင်း LED မှာ ရွှေတိဂုံဘုရားရဲ့ ပုံရိပ်ပေါ်နေတာကြောင့် ဘုရားပုံကို တက်နင်းပြီး ဖျော်ဖြေတယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁၃) ရက်နေ့မှာတော့ Project K အဖွဲ့က တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး Project K အဖွဲ့ကို ဆန္ဒပြသူတွေကလည်း လေဆိပ်မှာ စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။ Project K ကို ချစ်တဲ့ပရိသတ်တွေကတော့ Project K အဖွဲ့သားတွေအတွက် စိတ်ပူနေကြပေမယ့် သူတို့တစ်ဖွဲ့သားလုံး ချောချောမွေ့မွေ့နဲ့ အိမ်ပြန်ရောက်နေပြီဖြစ်ပြီး စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်းကို အဖွဲ့ဝင်တစ်ဦးဖြစ်သူ William က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးထားပါတယ်။

Project K အဖွဲ့ကတော့ စိတ်ဆိုးကြတဲ့ ပရိသတ်တွေကို သေသေချာချာ တောင်းပန်ပြီးဖြစ်သလို ပွဲစီစဉ်တဲ့ ကိုရီးယားဘက်ကလည်း တောင်းပန်ပြီးခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း Project K အဖွဲ့ကို အပြစ်မမြင်ပဲ နိုင်ငံ့ဂုဏ်ဆောင်နိုင်သူတွေအဖြစ် ဆက်ချစ်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: William Tun’s fb
Bilie – Cele Connections