


Source: Aye Myat Thu’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရုပ်ရှင်ချစ်ပရိသတ်တိုင်းအတွက် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ထဲ တကယ်ရောက်သွားစေသလို အလည်ခေါ်ခဲ့တဲ့ အေးမြတ်သူ

သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားတဲ့ အေးမြတ်သူကတော့ “ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ဆုကြီးကိုလည်း ပူပူနွေးနွေး ရရှိထားတဲ့သူ တစ်ဦးဖြစ်ပါတယ်။

ဒီကနေ့ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်နေ့လေးမှာတော့ အေးမြတ်သူက “ဒီနေ့ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်🙏🙏 အထိမ်းအမှတ် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ထဲကို အလည်ခေါ်သွားပါ့ရစေရှင်။ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ထဲမှာ မမြတ်လေး ရဲ့ အကယ်ဒမီဓါတ်ပုံလေး ရှိနေခွင့်ရတာလေးက တန်ဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ယူမှုတသ်ခုအဖြစ် အမြဲတမ်း တန်ဖိုးထားနေမှာပါရှင်” ဆိုပြီး မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ထဲ တကယ်ရောက်သွားစေသလို ခံစားရမယ့် ဓာတ်ပုံလေးတွေကို မျှဝေပေးထားပါတယ်။

အေးမြတ်သူကတော့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ထဲမှာ သူမရဲ့ အကယ်ဒမီဓာတ်ပုံလေး ချိတ်ထားခံရလို့ ဝမ်းသာဂုဏ်ယူနေရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြတ်သူရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ကြားရုံသာကြားဖူးနေရပြီး မမြင်ရတဲ့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ထဲ လူကိုယ်တိုင်ရောက်ရှိသွားသလို ခံစားရမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Myat Thu’s fb
Bilie – Cele Connections