ညိဳစိမ့္စိမ့္အသားအရည္ေလးနဲ့ ျမန္မာဆန္ဆန္ေလးလွတဲ့ ေမကဗ်ာကေတာ့ ပရိသတ္တိုင္းခ်စ္ခင္ရတဲ့ မင္းသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေမကဗ်ာကေတာ့ ကေလးေမေမတစ္ေယာက္ျဖစ္ေပမယ့္ ပိန္ပိန္သြယ္သြယ္ေလးနဲ့ အရမ္းလွတာမို့ အပ်ိဳေလးလို့ေတာင္ ထင္မွတ္ရတာပဲ ျဖစ္ပါတယ္။ ေမကဗ်ာကလည္း တစ္ဦးတည္းေသာသမီးေလးအတြက္ မိခင္ေကာင္းတစ္ေယာက္ျဖစ္ဖို့ ၾကိဳးစားေနသလို ပရိသတ္ေတြအတြက္လည္း အနုပညာရွင္ေကာင္းတစ္ေယာက္ျဖစ္ဖို့ အျမဲတမ္း ၾကိဳးစားေနသူပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ ဇာတ္ကားရိုက္ကူးမႈေတြရပ္နားထားတဲ့ ေမကဗ်ာက အြန္လိုင္းကေန ေစ်းေရာင္းခ်ေပးရင္း သူမရဲ့ကိုဗစ္ကာလကို အက်ိုးရိွရိွျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေမကဗ်ာက သူမရရိွတဲ့ အနုပညာေၾကးထဲက ေငြက်ပ္ (၂) သိန္းခြဲတန္ဖိုးရိွတဲ့ Suction Machine (၁) လံုးကို လွဴဒါန္းခဲ့ျပီး “ယေန႔ကုသိုလ္ လိုအပ္တဲ့ေနရာမွာ လႉဒါန္းခြင့္ရလို႔ ေက်းဇူးပါ” ဆိုျပီး ေက်းဇူးတင္စကားေျပာထားပါတယ္။

ေမကဗ်ာကေတာ့ သူမရရိွတဲ့ အနုပညာေၾကးေတြနဲ့ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ မၾကာခဏဆိုသလို လွဴဒါန္းမႈမ်ား ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမကဗ်ာရဲ့ ကုသိုလ္ေလးကို ထပ္တူဝမ္းသာစြာနဲ့ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Kabyar’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရှာဖွေရသမျှ အနုပညာကြေးလေးနဲ့ ကိုဗစ်အတွက် အမှန်တကယ်လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခွင့်ရလို့ ကျေနပ်ပီတိဖြစ်နေတဲ့ မေကဗျာ

ညိုစိမ့်စိမ့်အသားအရည်လေးနဲ့ မြန်မာဆန်ဆန်လေးလှတဲ့ မေကဗျာကတော့ ပရိသတ်တိုင်းချစ်ခင်ရတဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေကဗျာကတော့ ကလေးမေမေတစ်ယောက်ဖြစ်ပေမယ့် ပိန်ပိန်သွယ်သွယ်လေးနဲ့ အရမ်းလှတာမို့ အပျိုလေးလို့တောင် ထင်မှတ်ရတာပဲ ဖြစ်ပါတယ်။ မေကဗျာကလည်း တစ်ဦးတည်းသောသမီးလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ အမြဲတမ်း ကြိုးစားနေသူပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားတဲ့ မေကဗျာက အွန်လိုင်းကနေ ဈေးရောင်းချပေးရင်း သူမရဲ့ကိုဗစ်ကာလကို အကျိုးရှိရှိဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေကဗျာက သူမရရှိတဲ့ အနုပညာကြေးထဲက ငွေကျပ် (၂) သိန်းခွဲတန်ဖိုးရှိတဲ့ Suction Machine (၁) လုံးကို လှူဒါန်းခဲ့ပြီး “ယနေ့ကုသိုလ် လိုအပ်တဲ့နေရာမှာ လှူဒါန်းခွင့်ရလို့ ကျေးဇူးပါ” ဆိုပြီး ကျေးဇူးတင်စကားပြောထားပါတယ်။

မေကဗျာကတော့ သူမရရှိတဲ့ အနုပညာကြေးတွေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် မကြာခဏဆိုသလို လှူဒါန်းမှုများ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာရဲ့ ကုသိုလ်လေးကို ထပ်တူဝမ်းသာစွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Kabyar’s fb
Bilie: Cele Connections