


ယူနီကုဒ်ဖြင့်ဖတ်ရန်

မေမေအိန္ဒြာကျော်ဇင်၊ ဖေဖေပြေတီဦးတို့နဲ့တူပြီး တစ်နေ့တစ်ခြားချောလာတဲ့ ညီမလေးပြေသုဒြာရဲ့ ပုံရိပ်လေးကို ချပြလာတဲ့ မေတိုးခိုင်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေတိုးခိုင်ကတော့ သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မေတိုးခိုင်က အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမအဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်နဲ့ မော်ဒယ်လ် မေတိုးခိုင်ဆိုပြီး နာမည်တစ်လုံးနဲ့ အခိုင်အမာရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်လိုပဲ မေတိုးခိုင်ကိုလည်း ချစ်ခင်အားပေးကြပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအားလုံးကိုလည်း စိတ်ဝင်စားစွာ စောင့်ကြည့်ပေးကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေအကုန်လုံးကို ရပ်နားထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အချိန်ကုန်ဆုံးနေတဲ့ မေတိုးခိုင်ကတော့ အားကစားလုပ်လိုက်၊ စာဖတ်လိုက်နဲ့ပဲ သူမရဲ့ တစ်နေ့တာကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေတိုးခိုင်က သူမအားကစားလုပ်နေတုန်း နံဘေးကနေ ချွဲစိန်လေးလာလုပ်နေတဲ့ ညီမလေး ပြေသုဒြာနဲ့ ပုံရိပ်လေးကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေတဆင့် အခုလိုပဲ မျှဝေပေးလာပါတယ်။

ပြေသုဒြာလေးကတော့ မေမေအိန္ဒြာကျော်ဇင်၊ ဖေဖေပြေတီဦးတို့နဲ့တူပြီး တစ်နေ့တစ်ခြားချောလာတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မေတိုးခိုင်တို့ ညီအစ်မနှစ်ယောက်ရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Toe Khine’s ig
Bilie: Cele Connections