


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆုမြတ်နိုးဦးတစ်ယောက် မခံချင်ဖြစ်အောင် ဖေ့စ်ဘုတ်စာမျက်နှာကနေ ပေါက်ကရတွေပြောပြီး ဆေးထိုးခဲ့တဲ့ ကျော်ကျော်

သရုပ်ဆောင် ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့က အနုပညာလောကမှာ ကျရာတာဝန်တွေကို အသီးသီးထမ်းဆောင်နေကြတဲ့ အနုပညာရှင်များများ ဖြစ်ကြပါတယ်။ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့က အလုပ်တွေလည်း အတူတူတွဲဖက်လုပ်ကိုင်ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် မောင်နှမလို သူငယ်ချင်းလိုချစ်ကြပြီး ပြောမနာဆိုမနာ ချစ်ကြတာပဲ ဖြစ်ပါတယ်။ သုံးယောက်စလုံးကလည်း ရည်းစားမရှိတဲ့ Single တွေပီပီ လွတ်လွတ်လပ်လပ်နဲ့ အတွဲညီကြတာမို့ ပရိသတ်တွေက ပိုလို့တောင်ချစ်ကြတာပဲ ဖြစ်ပါတယ်။

အဖွဲ့ထဲမှာ ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေကို အမြဲတမ်းစနောက်နေကျဖြစ်တဲ့ ကျော်ကျော်ကတော့ ဒီတစ်ခေါက်မှာလည်း ဆုမြတ်နိုးဦးတစ်ယောက် မခံချင်ဖြစ်အောင် “ဈေးရောင်းတဲ့ကောင်မလေးတစ်ယောက်က ကျွန်တော်နဲ့စီးတီးမတ်မှာတွေ့တုန်း ပုံလေးတွဲရိုက်ပါရစေဆိုလို့်ပါ 😁😁😁” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေ ပေါက်ကရတွေပြောပြီး ဆေးထိုးခဲ့ပါတယ်။ ကျော်ကျော်ရဲ့စကားကို ဆုမြတ်နိုးဦးကတော့ “အံ့ဩစရာကြီး သူ့ဘာသူကင်မရာကိုင်ပီး ရိုက်မယ် ရိုက်ပြစေရိုက်ချင်လို့ပါပြောလို့ သူများကသနားပြီးရိုက်ခွင့်ပေးလိုက်တဲ့ဟာကို ပြောင်းပြန်တွေပြောသေးလား 🧐🤨🤨” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုစစ စိတ်မဆိုးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးမှာရော ကျော်ကျော်တို့လို ပြောမနာဆိုမနာ သူငယ်ချင်းတွေရှိရင် ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Naing Oo’s fb
Bilie: Cele Connections