


ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံခြားကပြန်လာပြီး သိပ်မကြာခင်မှာပဲ အလုပ်တွေရပ်နားလိုက်ရတာကြောင့် အရင်အတိုင်းအလုပ်တွေပြန်လုပ်ချင်နေပြီလို့ ရင်ဖွင့်လာတဲ့ မင်းသန့်မောင်မောင်

မင်းသန့်မောင်မောင်ကတော့ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ အကယ်ဒမီမေသန်းနုနဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်တို့ကြောင့် လူသိများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က ငယ်စဉ်ကတည်းက နိုင်ငံခြားမှာ ကျောင်းသွားတက်ခဲ့သူတစ်ယောက်ဖြစ်ပြီး အရွယ်ရောက်လာချိန်မှာလည်း သူဝါသနာပါတဲ့ ရုပ်ရှင်ပညာကို အမေရိကန်နိုင်ငံမှာ သွားရောက်သင်ယူခဲ့တာ ဖြစ်ပါတယ်။ ပညာရည်ပြည့်ဝနေပြီဖြစ်တဲ့ မင်းသန့်မောင်မောင်က အခုလက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေပြီး ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

နိုင်ငံခြားက ပြန်လာပြီး သိပ်မကြာလိုက်တဲ့အချိန်မှာပဲ ကိုဗစ်ကြောင့် အလုပ်တွေ ရပ်နားလိုက်ရတဲ့ မင်းသန့်မောင်မောင်က အရင်အတိုင်း အလုပ်တွေပြန်လုပ်ချင်နေပြီဆိုတဲ့အကြောင်းကို “အလုပ်တွေပြန်လုပ်ချင်နေပါပြီ😁😁……အားလုံးလည်း ကျန်းမာရေးကို ဂရုစိုက်ကြပါဗျ…..😊😊 တချို့အလုပ်တွေလည်းပြန်ဖွင့်ပြီဆိုပေမယ့် Covidရောဂါကလုံးဝအရှင်းမပျောက်သေးတော့အစစအရာရာဂရုစိုက်ပြီး သွားလာကြပါနော်…..😍😍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

မင်းသန့်မောင်မောင်ကတော့ ဖခင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံထားသလို သူကိုယ်တိုင်လည်း နိုင်ငံရပ်ခြားမှာ ရုပ်ရှင်ပညာရပ်ကို သေသေချာချာလေး သင်ယူခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသန့်တစ်ယောက် အဖေ့ထက်သာလွန်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာမှာကတော့ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Min Thant Mg Mg’s fb
Bilie: Cele Connections