တစ္ႏိုင္ငံလုံးက လူႀကီး၊ လူငယ္၊ ကေလးမေ႐ြး ႀကိဳက္ႏွစ္သက္ ခ်စ္ခင္အားေပးျခင္းခံရတဲ့ မင္းသားေခ်ာ ေနတိုးကေတာ့ ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕ေလးကေနတက္လာၿပီး အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ က်ရာဇာတ္႐ုပ္အေပၚ တာဝန္ေက်ၿပီး အေကာင္းဆုံးသ႐ုပ္ေဆာင္တတ္တာေၾကာင့္ အကယ္ဒမီဆုမ်ားစြာကိုလည္း ရရွိပိုင္ဆိုင္ထားသလို အႏုပညာသမားအခ်င္းခ်င္းကပါ ေလးစားအားက်ရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ (၁၃)ရက္ေန႔ကေတာ့ ျမန္မာ့႐ုပ္ရွင္ ႏွစ္ (၁၀၀) တိုင္တိုင္ျပည့္တဲ့ေန႔ေလးပဲ ျဖစ္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္နဲ႔ပဲ ျမန္မာ့႐ုပ္ရွင္ႏွစ္ (၁၀၀) ျပည့္ေန႔က ေနတိုးရဲ႕ အႏုပညာသက္တမ္း ႏွစ္ (၂၀) တင္းတင္းျပည့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ေနတိုးကေတာ့ ျမန္မာ့႐ုပ္ရွင္ႏွစ္ (၁၀၀) ျပည့္ျဖစ္သလို သူ႔ရဲ႕ အႏုပညာသက္တမ္း ႏွစ္ (၂၀) ျပည့္တဲ့ေန႔ေလးမွာ မုဒိတာစကားတစ္ခ်ိဳ႕ကို အခုလိုပဲ ေလးေလးစားစားေျပာၾကားထားတာကို ေတြ႕ရပါတယ္။

ေနတိုးကေတာ့ “ျမန္မာ့ 🎞႐ုပ္ရွင္📽 ႏွစ္ ၁၀၀ မွတိုင္..➡️ေနာင္ႏွစ္ေပါင္းမ်ားစြာအဓြန႔္ရွည္တည္ၿမဲပါေစလို႔ဆု​ေတာင္းပါတယ္ခင္ဗ်ာ။ ကြၽန္​​ေတာ္လည္းအခု​ေရာက္ရွိ​ေနတဲ့​ေနရာ​ေလးက​ေန ႐ုပ္ရွင္နဲ႔ပရိသတ္အတြက္ အၿမဲႀကိဳးစား​ေနပါ့မယ္ ❤ အားလုံးကို​ေက်းဇူးအထူးတင္ပါတယ္ခင္ဗ်ာ 🙂❤” ဆိုျပီး ေျပာထားပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Toe’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ အနုပညာသက်တမ်း နှစ်(၂၀) ပြည့်ခဲ့ပြီဆိုတဲ့ အကယ်ဒမီနေတိုးရဲ့ မုဒိတာစကား

တစ်နိုင်ငံလုံးက လူကြီး၊ လူငယ်၊ ကလေးမရွေး ကြိုက်နှစ်သက် ချစ်ခင်အားပေးခြင်းခံရတဲ့ မင်းသားချော နေတိုးကတော့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့လေးကနေတက်လာပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်အပေါ် တာဝန်ကျေပြီး အကောင်းဆုံးသရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသလို အနုပညာသမားအချင်းချင်းကပါ လေးစားအားကျရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၃)ရက်နေ့ကတော့ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) တိုင်တိုင်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်နေ့က နေတိုးရဲ့ အနုပညာသက်တမ်း နှစ် (၂၀) တင်းတင်းပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နေတိုးကတော့ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်ဖြစ်သလို သူ့ရဲ့ အနုပညာသက်တမ်း နှစ် (၂၀) ပြည့်တဲ့နေ့လေးမှာ မုဒိတာစကားတစ်ချို့ကို အခုလိုပဲ လေးလေးစားစားပြောကြားထားတာကို တွေ့ရပါတယ်။

နေတိုးကတော့ “မြန်မာ့ 🎞ရုပ်ရှင်📽 နှစ် ၁၀၀ မှတိုင်..➡️နောင်နှစ်ပေါင်းများစွာအဓွန့်ရှည်တည်မြဲပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ။ ကျွန်တော်လည်းအခုရောက်ရှိနေတဲ့နေရာလေးကနေ ရုပ်ရှင်နဲ့ပရိသတ်အတွက် အမြဲကြိုးစားနေပါ့မယ် ❤ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 🙂❤” ဆိုပြီး ပြောထားပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Bilie: Cele Connections