


Source: Htet Gyin’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Q စင်တာတွေမှာ စိတ်ခွန်အားပေး ဖျော်ဖြေရေးလုပ်ဖို့ ကြိုတင်လေ့ကျင့်နေကြတဲ့ The Voice Myanmar Season (3) ပြိုင်ပွဲဝင်များ

နှစ်စဉ်နှစ်တိုင်း တမူထူးခြားတဲ့ အစီအစဉ်သစ်တွေနဲ့ တင်ဆက်နေတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့ Blind Audition ရွေးချယ်ပြီးသွားချိန်မှာတော့ လက်ရှိမှာ Battle ယှဉ်ပြိုင်နေကြတာပဲ ဖြစ်ပါတယ်။ ဒိုင်လေးဦးကလည်း သူတို့အဖွဲ့သားတွေကို ကိုယ်တိုင်ကိုယ်ကျ သေချာလေ့ကျင့်ပေးနေသလို ပြိုင်ပွဲဝင်တွေကလည်း စနစ်တကျနဲ့ သင်ယူနေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် The Voice Myanmar Season (3) ထုတ်လွှင့်နေတာလည်း အချိန်အတော်ကြာနေပြီမို့ ပရိသတ်တွေကလည်း ပြိုင်ပွဲဝင်တွေကို မျက်မှန်းတန်းမိနေလောက်ပြီ ထင်ပါတယ်။

လက်ရှိမှာ ကိုဗစ်ကာလဖြစ်နေတာကြောင့် The Voice Myanmar Season (3) ပြိုင်ပွဲဝင်တွေက Q စင်တာတွေမှာ စိတ်ခွန်အားပေး ဖျော်ဖြေရေးလုပ်ဖို့ ကြိုတင်လေ့ကျင့်နေကြတာပဲ ဖြစ်ပါတယ်။ G၊ Annie၊ ရန်မျိုး၊ နော်ပြည့်စုံအေးကြူ၊ Han So Ree၊ နေခြည်မိုးဦး၊ ထက်ဂျင် စတဲ့ ပြိုင်ပွဲဝင်တွေက Q Center မှာ ဖျော်ဖြေပေးဖို့ ကြိုတင်လေ့ကျင့်နေကြတဲ့ ဗီဒီယိုကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

The Voice Myanmar Season (3) ပြိုင်ပွဲဝင်တွေကတော့ စင်ပေါ်မှာသာ အကြိတ်အနယ်ပြိုင်ပွဲဝင်နေပေမယ့် လက်တွေ့မှာတော့ တစ်သွေးတည်း တစ်သားတည်းရှိတာပဲနော်။ ပရိသတ်ကြီးလည်း နောက်လာမယ့်အပတ်တွေမှာ The Voice Myanmar Season (3) ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်မှုကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Gyin’s fb
Bilie: Cele Connections