အခ်စ္၊ အလြမ္းသီခ်င္းေတြေရာ လူငယ္အၾကိဳက္ သီခ်င္းသံစဥ္ျမဴးျမဴးေလးေတြကိုပါ ပိုင္ပိုင္ႏိုင္ႏိုင္ဖန္တီးနိုင္တဲ့ အဆုိေတာ္တစ္ဦးျဖစ္တဲ့ လႊမ္းပိုင္ကေတာ့ လူငယ္ေတြအားလံုး ၾကိဳက္နွစ္သက္ရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လႊမ္းပိုင္ကေတာ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း တစ္ဖက္မွာလည္း ဂိမ္း Streamer တစ္ေယာက္အျဖစ္လည္း ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ Rapper တစ္ေယာက္ျဖစ္သလို Streamer တစ္ေယာက္လည္းျဖစ္တဲ့ လႊမ္းပိုင္ကေတာ့ ေယာက်ာ္းေလးပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားအျပားပိုင္ဆိုင္ထားလ်က္ရိွပါတယ္။

သီခ်င္းဆိုေကာင္းသလို သီခ်င္းေရးတဲ့ေနရမွာလည္း ဆရာက်တဲ့ လႊမ္းပိုင္က သူ့ရဲ့သီခ်င္းအနည္းစုကို ဇာတ္လမ္းေလးေတြအျဖစ္ ဖန္တီးျပီး ေရးတတ္တယ္ဆိုတာကို ေနာက္ဆံုးထြက္ထားတဲ့ “ဂီတေဗဒ” အယ္လ္ဘမ္မွာ ေတြ့နိုင္ပါတယ္။ ဒီကေန့မွာလည္း လႊမ္းပိုင္က Mobile Legend ဂိမ္းေဆာ့ရင္း ေလာင္ျမိဳက္ရတဲ့အေၾကာင္းကို သီခ်င္းေလးအျဖစ္ ဖန္တီးရင္း “အထူအပါးေလးေတာ့နားလည္ပါ” ဆိုတဲ့ သီခ်င္းေလးကို ပရိသတ္ေတြအတြက္ အခုလိုပဲ ခ်ျပထားပါတယ္။

လႊမ္းပိုင္ကေတာ့ Mobile Legend ဂိမ္းေဆာ့ရင္း ေဆးထိုးခံရတာေတြကို သူ့ရဲ့ သီခ်င္းထဲမွာ ထည့္သြင္းသီဆိုသြားတာ အရမ္းကို အထာက်တာပဲေနာ္။ ပရိသတ္ၾကီးလည္း လႊမ္းပိုင္ရဲ့ “အထူအပါးေလးေတာ့နားလည္ပါ” ဆိုတဲ့ သီခ်င္းေလးကို ၾကိဳက္နွစ္သက္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Hlwan Paing’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Mobile Legend ဂိမ်းဆော့ရင်း ဆေးထိုးခံရတဲ့အကြောင်းတွေကို “အထူအပါးလေးတော့နားလည်ပါ” ဆိုတဲ့ သီချင်းလေးနဲ့ ရင်ဖွင့်လာတဲ့ လွှမ်းပိုင်

အချစ်၊ အလွမ်းသီချင်းတွေရော လူငယ်အကြိုက် သီချင်းသံစဉ်မြူးမြူးလေးတွေကိုပါ ပိုင်ပိုင်နိုင်နိုင်ဖန်တီးနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်ကတော့ လူငယ်တွေအားလုံး ကြိုက်နှစ်သက်ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ဂိမ်း Streamer တစ်ယောက်အဖြစ်လည်း ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ Rapper တစ်ယောက်ဖြစ်သလို Streamer တစ်ယောက်လည်းဖြစ်တဲ့ လွှမ်းပိုင်ကတော့ ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားပိုင်ဆိုင်ထားလျက်ရှိပါတယ်။

သီချင်းဆိုကောင်းသလို သီချင်းရေးတဲ့နေရမှာလည်း ဆရာကျတဲ့ လွှမ်းပိုင်က သူ့ရဲ့သီချင်းအနည်းစုကို ဇာတ်လမ်းလေးတွေအဖြစ် ဖန်တီးပြီး ရေးတတ်တယ်ဆိုတာကို နောက်ဆုံးထွက်ထားတဲ့ “ဂီတဗေဒ” အယ်လ်ဘမ်မှာ တွေ့နိုင်ပါတယ်။ ဒီကနေ့မှာလည်း လွှမ်းပိုင်က Mobile Legend ဂိမ်းဆော့ရင်း လောင်မြိုက်ရတဲ့အကြောင်းကို သီချင်းလေးအဖြစ် ဖန်တီးရင်း “အထူအပါးလေးတော့နားလည်ပါ” ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် အခုလိုပဲ ချပြထားပါတယ်။

လွှမ်းပိုင်ကတော့ Mobile Legend ဂိမ်းဆော့ရင်း ဆေးထိုးခံရတာတွေကို သူ့ရဲ့ သီချင်းထဲမှာ ထည့်သွင်းသီဆိုသွားတာ အရမ်းကို အထာကျတာပဲနော်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်ရဲ့ “အထူအပါးလေးတော့နားလည်ပါ” ဆိုတဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Hlwan Paing’s fb
Bilie: Cele Connections