နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Ah Boy ကေတာ့ ငယ္စဥ္က Rock Stars အဖြဲ့နဲ့ သီခ်င္းေတြမ်ားစြာကို သီဆိုခဲ့သလို သူတစ္ေယာက္တည္း ခြဲထြက္ျပီး သီခ်င္းေတြမ်ားစြာ ဖန္တီးသီဆိုခဲ့တာ ျဖစ္ပါတယ္။ Ah Boy က ျပီးခဲ့တဲ့ (၅) နွစ္ေက်ာ္ခန့္ကစျပီး စီးပြားေရးအလုပ္ေတြဘက္ကို အားစိုက္ေနတာေၾကာင့္ အနုပညာအလုပ္ေတြနဲ့ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရိွမွာေတာ့ Ah Boy က သီခ်င္းေတြကို ျပန္လည္သီဆိုေနျပီျဖစ္ျပီး သူ့ရဲ့ဇနီး ျမတ္ရတနာေက်ာ္နဲ့လည္း Vlog ေလးေတြ ရိုက္ကူးေနလ်က္ရိွပါတယ္။

စိတ္ထဲရိွရာကို ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္ျပီး ဟန္မေဆာင္တတ္တဲ့ Ah Boy က ဒီကေန့မွာလည္း လက္ရိွျဖစ္ေနတဲ့ Projet K အဖြဲ့ရဲ့ ျပႆနာနဲ့ပက္သတ္ျပီး သူ့ရဲ့ စိတ္ထဲမွာရိွသမွ်ကို အခုလိုပဲ ေျပာလာပါတယ္။ “အေဝးႀကီးမေျပာဘူး… အနီးဆုံး အိမ္နီးခ်င္းႏိုင္ငံ ထိုင္းမွာ ကမာၻေက်ာ္ အႏုပညာရွင္ေတြ၊ အားကစားသမားေတြမ်ားစြာ ထြက္တယ္။ ဘာျဖစ္လို႔ ငါတို႔ႏိုင္ငံမွာ မထြက္လဲလို႔ ခင္ဗ်ားတို႔ တစ္ခါေလာက္ ကိုယ့္ဘာကိုယ္ ျပန္ေမးၾကည့္ဖူးၾကလား?” ဆိုျပီး လိုရင္းနဲ့ ထိထိေရာက္ေရာက္ေျပာခဲ့ပါတယ္။

Ah Boy နဲ့တကြ အနုပညာရွင္ေတြမ်ားစြာကေတာ့ ကိုရီးယားနိုင္ငံမွာ သြားေရာက္ေဖ်ာ္ေျဖရင္း စင္ေပၚမွာ မထင္မွတ္ထားတဲ့ ျပႆနာနဲ့ ရင္ဆိုင္ခဲ့ရတဲ့ Projet K အဖြဲ့နဲ့ ပက္သတ္ျပီး နားလည္ေပးဖို့ ေျပာေနၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Phyo Tun’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လက်ရှိဖြစ်နေတဲ့ Projet K အဖွဲ့ရဲ့ ပြဿနာနဲ့ပက်သတ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်တွဲပြောလာတဲ့ Ah Boy

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ah Boy ကတော့ ငယ်စဉ်က Rock Stars အဖွဲ့နဲ့ သီချင်းတွေများစွာကို သီဆိုခဲ့သလို သူတစ်ယောက်တည်း ခွဲထွက်ပြီး သီချင်းတွေများစွာ ဖန်တီးသီဆိုခဲ့တာ ဖြစ်ပါတယ်။ Ah Boy က ပြီးခဲ့တဲ့ (၅) နှစ်ကျော်ခန့်ကစပြီး စီးပွားရေးအလုပ်တွေဘက်ကို အားစိုက်နေတာကြောင့် အနုပညာအလုပ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ Ah Boy က သီချင်းတွေကို ပြန်လည်သီဆိုနေပြီဖြစ်ပြီး သူ့ရဲ့ဇနီး မြတ်ရတနာကျော်နဲ့လည်း Vlog လေးတွေ ရိုက်ကူးနေလျက်ရှိပါတယ်။

စိတ်ထဲရှိရာကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး ဟန်မဆောင်တတ်တဲ့ Ah Boy က ဒီကနေ့မှာလည်း လက်ရှိဖြစ်နေတဲ့ Projet K အဖွဲ့ရဲ့ ပြဿနာနဲ့ပက်သတ်ပြီး သူ့ရဲ့ စိတ်ထဲမှာရှိသမျှကို အခုလိုပဲ ပြောလာပါတယ်။ “အဝေးကြီးမပြောဘူး… အနီးဆုံး အိမ်နီးချင်းနိုင်ငံ ထိုင်းမှာ ကမ္ဘာကျော် အနုပညာရှင်တွေ၊ အားကစားသမားတွေများစွာ ထွက်တယ်။ ဘာဖြစ်လို့ ငါတို့နိုင်ငံမှာ မထွက်လဲလို့ ခင်ဗျားတို့ တစ်ခါလောက် ကိုယ့်ဘာကိုယ် ပြန်မေးကြည့်ဖူးကြလား?” ဆိုပြီး လိုရင်းနဲ့ ထိထိရောက်ရောက်ပြောခဲ့ပါတယ်။

Ah Boy နဲ့တကွ အနုပညာရှင်တွေများစွာကတော့ ကိုရီးယားနိုင်ငံမှာ သွားရောက်ဖျော်ဖြေရင်း စင်ပေါ်မှာ မထင်မှတ်ထားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Projet K အဖွဲ့နဲ့ ပက်သတ်ပြီး နားလည်ပေးဖို့ ပြောနေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Phyo Tun’s fb
Bilie: Cele Connections