Big Bag Band ရဲ့ ပင္တိုင္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ဟန္ထူးလြင္က လူငယ္ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားသူပါ။ ဟန္ထူးလြင္က လြန္ခဲ့တဲ့ဆယ္စုနွစ္ကတည္းက သူဝါသနာပါရာ အနုပညာအလုပ္ေတြကို လုပ္ကိုင္ဖို့ သူ့ရဲ့ သြားဆရာဝန္ဆိုတဲ့ ဂုဏ္ပုဒ္ကို စြန့္လႊတ္ထားသူပဲ ျဖစ္ပါတယ္။ နာမည္ၾကီး အနုပညာရွင္တစ္ေယာက္ပီပီ ပရိသတ္အားေပးမႈ အခိုင္အမာရရိွထားတဲ့ ဟန္ထူးလြင္က ဒီတစ္ေခါက္မွာေတာ့ အနုပညာရွင္နဲ့ ပရိသတ္ေတြၾကားမွာ အေခြဝယ္တာထက္ပိုတဲ့ ဆက္ဆံေရးေတြရိွေၾကာင္းကို သူ့ရဲ့အျဖစ္နဲ့ ယွဥ္ျပီး အခုလိုပဲ ေျပာျပလာခဲ့ပါတယ္။

“အလကၤာမွာ ဖတ္ဖူးတာထင္တယ္။ နယ္ၿမိဳ႕တၿမိဳ႕မွာတဲ့ နယ္ခံက show လာတီးတဲ့ guitarist ကို သူမသိတဲ့ တီးနည္းေတြေမးပါသတဲ့။ ဂစ္တာဆရာကလဲ ( uncle Patrick ထင္တယ္ ေသခ်ာေတာ့မသိ) သင္ေပးရွာတာေပါ့။ သင္ၿပီးလဲၿပီးေရာ နယ္ခံက ေက်းဇူးတင္လို႔ပါဆိုၿပီး ဟိုင္းယားဟိုင္းယား ဆို သိုင္းကြက္တခ်ိဳ႕ ျပန္သင္သြားေပးတယ္ဆိုပဲ။ 😅 ေျပာခ်င္တာက artist နဲ႔ fans ၾကားမွာ အေခြဝယ္တာထက္ပိုတဲ့ relationship ေလးေတြရွိတတ္တာကိုပါ။ ခ်စ္စရာေကာင္းပါတယ္။ အခုလဲ ဒီအကိုက ကြ်န္ေတာ့္ electronic ပစၥည္းေတြျပင္ေပးခ်င္လို႔တဲ့။ ဘာမွျပန္မလုပ္ေပးရလို႔တဲ့။ ေက်းဇူးတင္ပါတယ္။ ျပင္ရမယ္ဆို ပ်က္ေနတာ ကြ်န္ေတာ္ပဲျဖစ္မယ္ 😅❤️” ဆိုျပီး သူ့ပရိသတ္ရဲ့ စကားတစ္ခြန္းကို ျပည္လည္ေျပာျပလာပါတယ္။

ဟန္ထူးလြင္ကေတာ့ လူလတ္ပိုင္းပရိသတ္နဲ့ လူငယ္ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို ဒီေန့ဒီအခ်ိန္ထိ ဆက္ခံရရိွထားဆဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဟန္ထူးလြင္ေျပာတဲ့စကားေလးကိုၾကည့္ျပီး artist နဲ႔ fans ၾကားက ခ်စ္စရာေကာင္းတဲ့ ဆက္ဆံေရးေလးကို သတိထားမိၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Han Htue Lwin’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနုပညာရှင်နဲ့ ပရိသတ်တွေကြားမှာ အခွေဝယ်တာထက်ပိုတဲ့ ဆက်ဆံရေးတွေရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဟန်ထူးလွင်

Big Bag Band ရဲ့ ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဟန်ထူးလွင်က လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပါ။ ဟန်ထူးလွင်က လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက သူဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ သူ့ရဲ့ သွားဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ထားသူပဲ ဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တစ်ယောက်ပီပီ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ဟန်ထူးလွင်က ဒီတစ်ခေါက်မှာတော့ အနုပညာရှင်နဲ့ ပရိသတ်တွေကြားမှာ အခွေဝယ်တာထက်ပိုတဲ့ ဆက်ဆံရေးတွေရှိကြောင်းကို သူ့ရဲ့အဖြစ်နဲ့ ယှဉ်ပြီး အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“အလင်္ကာမှာ ဖတ်ဖူးတာထင်တယ်။ နယ်မြို့တမြို့မှာတဲ့ နယ်ခံက show လာတီးတဲ့ guitarist ကို သူမသိတဲ့ တီးနည်းတွေမေးပါသတဲ့။ ဂစ်တာဆရာကလဲ ( uncle Patrick ထင်တယ် သေချာတော့မသိ) သင်ပေးရှာတာပေါ့။ သင်ပြီးလဲပြီးရော နယ်ခံက ကျေးဇူးတင်လို့ပါဆိုပြီး ဟိုင်းယားဟိုင်းယား ဆို သိုင်းကွက်တချို့ ပြန်သင်သွားပေးတယ်ဆိုပဲ။ 😅 ပြောချင်တာက artist နဲ့ fans ကြားမှာ အခွေဝယ်တာထက်ပိုတဲ့ relationship လေးတွေရှိတတ်တာကိုပါ။ ချစ်စရာကောင်းပါတယ်။ အခုလဲ ဒီအကိုက ကျွန်တော့် electronic ပစ္စည်းတွေပြင်ပေးချင်လို့တဲ့။ ဘာမှပြန်မလုပ်ပေးရလို့တဲ့။
ကျေးဇူးတင်ပါတယ်။ ပြင်ရမယ်ဆို ပျက်နေတာ ကျွန်တော်ပဲဖြစ်မယ် 😅❤️” ဆိုပြီး သူ့ပရိသတ်ရဲ့ စကားတစ်ခွန်းကို ပြည်လည်ပြောပြလာပါတယ်။

ဟန်ထူးလွင်ကတော့ လူလတ်ပိုင်းပရိသတ်နဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ဒီနေ့ဒီအချိန်ထိ ဆက်ခံရရှိထားဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟန်ထူးလွင်ပြောတဲ့စကားလေးကိုကြည့်ပြီး artist နဲ့ fans ကြားက ချစ်စရာကောင်းတဲ့ ဆက်ဆံရေးလေးကို သတိထားမိကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Han Htue Lwin’s fb
Bilie: Cele Connections