


Source: Mi Sandi’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေကို စနောက်ပြီးမေးထားတဲ့မေးခွန်းမှာ တကယ်ကြီးထင်ပြီး ကောမန့်လာပေးတဲ့ ချစ်သုဝေကြောင့် သဘောကျစွာနဲ့ ပြန်လည်ဖြေရှင်းခဲ့ရတဲ့ မိစန္ဒီ

သီချင်းဆိုကောင်းရုံသာမက ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ မိစန္ဒီကတော့ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် မာန်မာနမရှိပဲ နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ မိစန္ဒီရဲ့ ပကာသနမရှိပဲ ရိုးရှင်းတဲ့ပုံစံလေးကို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ ချစ်ကြရတာဖြစ်ပြီး ညီမလေးလို၊ အစ်မလို သဘောထားခြင်းခံရသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မိစန္ဒီက ပရိသတ်တွေကို စနောက်ပြီးမေးထားတဲ့မေးခွန်းမှာ တကယ်ကြီးထင်ပြီး လာမန့်နေတဲ့ ချစ်သုဝေကြောင့် သဘောကျစွာနဲ့ ပြန်လည်ဖြေရှင်းခဲ့ရတာကို တွေ့ရပါတယ်။

မိစန္ဒီက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “အုန်းသီး စားမလား? 😜 အိမ်က အပင်က သီးတာ 🥥” ဆိုပြီး သူမရဲ့ ဓာတ်ပုံလေးကို တင်လာပါတယ်။ ထိုပုံအောက်မှာ ချစ်သုဝေက “ဟယ် တကယ်ကို စားချင်နေတာရယ်” လို့ တကယ်ကြီးထင်ပြီး လာပြောခဲ့တာကြောင့် မိစန္ဒီက “mam အုန်းသီးဆိုတာ အီးတုန်းပါ.. heehee 😝😝❤❤❤ miss u and love u so much 😘❤❤😘❤” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

မိစန္ဒီကတော့ ပရိသတ်တွေကို စနောက်ပြီး မေးထားတဲ့ မေးခွန်းမှာ တကယ်ကြီးထင်ပြီး ကောမန့်လာပေးတဲ့ ချစ်သုဝေကို ချစ်လည်းချစ် သဘောလည်းကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အစအနောက်သန်လွန်းတဲ့ မိစန္ဒီလေးကို အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mi Sandi’s fb
Bilie: Cele Connections