


Source: Nan Su Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရုပ်ရှင်ဇာတ်ကားလည်းမဟုတ်၊ သီချင်း MV လည်းမဟုတ်ပဲ Tik Tok ဗီဒီယိုလေးနဲ့တင် ကြည့်ရှုသူသန်းနဲ့ချီရရှိခဲ့လို့ ကိုယ့်ကိုကိုယ်အံ့သြနေရတဲ့ နန်းဆုဦး

ညှို့ငင်အားကောင်းတဲ့ မျက်ဝန်းလှလှလေးနဲ့ အသည်းယားစရာ သွားတက်လှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန်းဆုဦးကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပါပဲ။ နန်းဆုဦးရဲ့ ဝတ်ပုံစားပုံစတိုင်လ်တွေကလည်း ပရိသတ်တွေ သဘောကျကြတဲ့အရာတစ်ခုဖြစ်ပြီး နန်းဆုဦးကလည်း သူမနဲ့ လိုက်ဖက်တဲ့ အမိုက်စားဖက်ရှင်တွေကို သရုပ်မပျက်အောင် ဝတ်စားဆင်ယင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နန်းဆုဦးက ပရိသတ်တွေကြားမှာ အချစ်ခံရတဲ့ မင်းသမီးတစ်ယောက်အဖြစ် ဒီနေ့ဒီအချိန်ထိ ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

အနုပညာလောကနဲ့ အနည်းငယ်အဆက်အသွယ်ပြတ်တောက်သွားတဲ့ နန်းဆုဦးကတော့ အခုဆိုရင် ပုံမှန်အတိုင်းအလုပ်တွေကို ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားနေပြီး ပရိသတ်တွေနဲ့လည်း ထိတွေ့နေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ နန်းဆုဦးက မင်းသားချော နေတိုးနဲ့ Tik Tok ဗီဒီယိုလေးတစ်ပုဒ်ကို ရိုက်ကူးခဲ့ပြီး (၂) ရက်အတါင်းမှာတင် ကြည့်ရှုသူ (၁) သန်းကျော်ရှိသွားခဲ့တဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ် Story မှာ မျှဝေပေးလာပါတယ်။

နန်းဆုဦးကတော့ ရုပ်ရှင်ဇာတ်ကားလည်းမဟုတ်၊ သီချင်း MV လည်းမဟုတ်ပဲ Tik Tok ဗီဒီယိုလေးနဲ့တင် ကြည့်ရှုသူသန်းနဲ့ချီရှိခဲ့တာကြောင့် တော်တော်လေး အံ့အားသင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နန်းဆုဦးနဲ့ နေတိုးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nan Su Oo’s fb
Bilie: Cele Connections