


Source: Maung Kaung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖေ့စ်ဘုတ်မှာနာမည်ကြီးနေတဲ့ အရီးညွှန့်နဲ့အတူတူ “ဆရာမသင်းသင်း” ဆိုပြီး ဟာသဗီဒီယိုလေးရိုက်ကူးပြီး မျှဝေပေးလာတဲ့ ပိုးကြာဖြူခင်

နိုင်ငံကျော် ဇာတ်လမ်းတွဲ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ချစ်စရာကောင်းတဲ့အပြင် သရုပ်ဆောင်လည်းကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲမှာလည်း ပိုးကြာဖြူခင်က ပရိသတ်တွေ အားပေးမှုကို ရရှိပိုင်ထားတားလျက်ရှိပါတယ်။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေထဲမှာ ကျရာကာရိုက်တာအတိုင်း သရုပ်ဆောင်နိုင်ပေမယ့် အပြင်လက်တွေ့ဘဝမှာတော့ အေးအေးဆေးဆေးရှိပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အပြောင်းအလဲလေးဖြစ်ရအောင် ဟာသဗီဒီယိုလေးတစ်ပုဒ် ရိုက်ကူးလာတာကို တွေ့ရပါတယ်။ ပိုးကြာဖြူခင်က ဖေ့စ်ဘုတ်စာအရမ်းနာမည်ကြီးနေတဲ့ အရီးညွှန့်နဲ့အတူတူ “ဆရာမသင်းသင်း” ဆိုပြီး အခွီဗီဒီယိုလေးရိုက်ကူးထားတာကို ပရိသတ်ကြီးအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

ပိုးကြာဖြူခင်ကတော့ မင်းသမီးဆိုပေမယ့် သူငယ်ချင်းတွေနဲ့ အပျော်ဗီဒီယိုလေးရိုက်ကူးရာမှာလည်း တစ်သားတည်းကျပြီး အချိန်အဆက်မိမိ သရုပ်ဆောင်နိုင်တာပဲနော်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်တို့ သူငယ်ချင်းတွေရဲ့ “ဆရာမသင်းသင်း” အခွီဗီဒီယိုလေးကို ကြည့်ပြီး ဘဝအမောတွေ ခတ္တပျောက်သွားမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Maung Kaung’s fb
Bilie: Cele Connections