နာမည္ေလးနဲ့ လိုက္ေအာင္ လျပည့္ဝန္းေလးလို လွပခ်စ္စရာေကာင္းတဲ့ အဆိုေတာ္၊ သရုပ္ေဆာင္ ဆန္းသစ္လကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားသူေလးတစ္ေယာက္ပါပဲ။ ဆန္းသစ္လက ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္မွာ အိမ္ေထာင္က်ခဲ့တာျဖစ္ျပီး အခုဆိုရင္ အသက္တမွ်ခ်စ္ရတဲ့ သမီးေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားျပီပဲ ျဖစ္ပါတယ္။ ဆန္းသစ္လကေတာ့ ကိုယ္ဝန္ေဆာင္ေနစဥ္အခ်ိန္မွာလည္း အနုပညာအလုပ္ေတြကို ရပ္နားထားသလို သမီးေလး ေမြားခါစအခ်ိန္မွာလည္း အလုပ္ေတြအားလံုးရပ္နားထားျပီး သမီးေလးအေပၚမွာပဲ အခ်ိန္ေပးဂရုစိုက္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

ဆန္းသစ္လရဲ့ သမီးေလးကေတာ့ ျပီးခဲ့တဲ့ စက္တင္ဘာလ (၂၃) ရက္ေန့မွာ ေမြးဖြားခဲ့တာျဖစ္ျပီး အခုဆိုရင္ တစ္လေတာင္မျပည့္ေသးပါဘူး။ ဆန္းသစ္လကေတာ့ ကိုယ္ဝန္ေဆာင္စဥ္ကတည္းက ပိုးေမြးသလိုေမြးခဲ့ရတဲ့သမီးေလး လူ့ေလာကထဲကိုေရာက္ရိွလာခ်ိန္မွာလည္း ခ်စ္လို့ကိုမဝနိုင္တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ဆန္းသစ္လက ခ်စ္စရာေကာင္းတဲ့သမီးေလးကိုၾကည့္ျပီး ခ်စ္တဲ့အေၾကာင္းေတြတဖြဖြေျပာေနတာကို အခုလိုပဲ ေတြ့ရပါတယ္။

ဆန္းသစ္လကေတာ့ သူမရဲ့ ေမေမ ေမရြက္ဝါအေပၚမွာလည္း သိတတ္လိမၼာတဲ့ သမီးေလးတစ္ေယာက္ျဖစ္ခဲ့သလို သူမကိုယ္တိုင္ မိခင္တစ္ေယာက္ျဖစ္လာခ်ိန္မွာလည္း သမီးေလးကို အရိပ္တၾကည့္ၾကည့္နဲ့ ခ်စ္လြန္းတာ ၾကည္နူးစရာေကာင္းလွပါတယ္။ ပရိသတ္ၾကီးလည္း ဆန္းသစ္လတို့ သားအမိနွစ္ေယာက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: San Thit La’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မေမေပြောသမျှကို မျက်လုံးလေးဝိုင်းပြီး လိုက်နားထောင်တတ်တဲ့ သမီးလေးကို ချစ်တဲ့အကြောင်းတွေတဖွဖွပြောနေတဲ့ ဆန်းသစ်လရဲ့ ဗီဒီယို

နာမည်လေးနဲ့ လိုက်အောင် လပြည့်ဝန်းလေးလို လှပချစ်စရာကောင်းတဲ့ အဆိုတော်၊ သရုပ်ဆောင် ဆန်းသစ်လကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလေးတစ်ယောက်ပါပဲ။ ဆန်းသစ်လက ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ အိမ်ထောင်ကျခဲ့တာဖြစ်ပြီး အခုဆိုရင် အသက်တမျှချစ်ရတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဆန်းသစ်လကတော့ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာလည်း အနုပညာအလုပ်တွေကို ရပ်နားထားသလို သမီးလေး မွေားခါစအချိန်မှာလည်း အလုပ်တွေအားလုံးရပ်နားထားပြီး သမီးလေးအပေါ်မှာပဲ အချိန်ပေးဂရုစိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဆန်းသစ်လရဲ့ သမီးလေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၃) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် တစ်လတောင်မပြည့်သေးပါဘူး။ ဆန်းသစ်လကတော့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ပိုးမွေးသလိုမွေးခဲ့ရတဲ့သမီးလေး လူ့လောကထဲကိုရောက်ရှိလာချိန်မှာလည်း ချစ်လို့ကိုမဝနိုင်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဆန်းသစ်လက ချစ်စရာကောင်းတဲ့သမီးလေးကိုကြည့်ပြီး ချစ်တဲ့အကြောင်းတွေတဖွဖွပြောနေတာကို အခုလိုပဲ တွေ့ရပါတယ်။

ဆန်းသစ်လကတော့ သူမရဲ့ မေမေ မေရွက်ဝါအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သမီးလေးတစ်ယောက်ဖြစ်ခဲ့သလို သူမကိုယ်တိုင် မိခင်တစ်ယောက်ဖြစ်လာချိန်မှာလည်း သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်လွန်းတာ ကြည်နူးစရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ဆန်းသစ်လတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: San Thit La’s fb
Bilie: Cele Connections