


ယူနီကုဒ်ဖြင့်ဖတ်ရန်

ပဲရစ်မြို့ကို ဖျော်ဖြေရေးသွားခဲ့စဉ်အချိန်က နေတိုးနဲ့ ရဲလေးတို့ ပြောခဲ့ဖူးတဲ့ ပြင်သစ်ဘာသာစကားဗီဒီယိုကို မျှဝေပေးလာတဲ့ မိုးမိုး

နိုင်ငံကျော် အဆိုတော် မိုးမိုးကတော့ မုံရွာမြို့ကနေ ရန်ကုန်ကိုလာပြီး အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သူပဲ ဖြစ်ပါတယ်။ မိုးမိုးကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိလာချိန်မှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ပါဝင်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးမိုးက နှင်းဆီအဖွဲ့နဲ့အတူတူ လူရွှင်တော်တစ်ယောက်အဖြစ် ပါဝင်ခဲ့ဖူးပြီး နောက်ပိုင်းမှတော့ အဖွဲ့ကနေထွက်ခွာခဲ့ပေမယ့် အဖွဲ့သားတွေနဲ့ ညီအစ်ကို၊ သူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးရှိနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မိုးမိုးက နှင်းဆီအဖွဲ့နဲ့အတူတူ နိုင်ငံခြားဖျော်ဖြေရေးခရီးစဉ်တွေ သွားစဉ်အခါက အမှတ်တရတစ်ခုကို ချပြလာပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တွေက ပြင်သစ်နိုင်ငံကို ဖျော်ဖြေရေးသွားရင်း နာမည်ကြီး အီဖယ်တာဝါအောက်မှာ နေတိုးနဲ့ ရဲလေးတို့ ပြောခဲ့တဲ့ ပြင်သစ်ဘာသာစကားကို ပရိသတ်တွေပါ ရယ်မောစေနိုင်ဖို့ အခုလိုပဲ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

မိုးမိုးကတော့ အရင်က အမှတ်တရတွေကို ပြန်လည်ထုတ်ကြည့်ရင်း သူ့ရဲ့ ညီအစ်ကို သူငယ်ချင်းတွေကို သတိတရရှိနေတဲ့ပုံပါပဲ။ ပရိသတ်ကြီးလည်း ရဲလေးနဲ့ မိုးမိုးတို့ပြောတဲ့ ပြင်သစ်ဘာသာစကားဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Sithu Kyaw ‘s fb
Bilie: Cele Connections