တစ္ပတ္နဲ့တစ္ပတ္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ေတြနဲ့ ေရွ့ဆက္ေနတဲ့ The Voice Myanmar Season (3) သီခ်င္းဆိုျပိဳင္ပြဲၾကီးက အခုဆိုရင္ Battles ယွဥ္ျပိဳင္မႈအျဖစ္ ဒုတိယေျမာက္အပတ္ကို ေရာက္ရိွလို့လာျပီပဲ ျဖစ္ပါတယ္။ Team YC, Team Nini, Team R Zarni, Team KP တို့မွ ျပိဳင္ပြဲဝင္ေတြကလည္း ၾကိဳတင္ျပင္ဆင္မႈအားေကာင္းေကာင္းနဲ့ ယွဥ္ျပိဳင္လာခဲ့ၾကတာကို ပရိသတ္ၾကီးလည္း ေတြ့ျမင္ရမွာပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၁၁) ရက္ေန့ Battles ယွဥ္ျပိဳင္မႈအျဖစ္ ဒုတိယေျမာက္အပတ္မွာေတာ့ ထူးထူးျခားျခားအျဖစ္ Team YC က Han So Ree နဲ့ သင္းယုတို့ရဲ့ Battles ယွဥ္ျပိဳင္မႈက ဒိုင္ျဖစ္သူ ရန္ရန္ခ်မ္းကိုယ္တိုင္လည္း အဆင္မေျပဘူးလို့ ထုတ္ေျပာရသလို တစ္ခ်ိဳ့ေသာ ပရိသတ္ေတြအေနနဲ့လည္း မၾကိဳက္နွစ္သက္ခဲ့ၾကတာကို ေတြ့ရပါတယ္။ အဲ့ဒါကေတာ့ Han So Ree က Rap Battle အတြက္ သူကိုယ္တိုင္ေရးသားလာခဲ့တဲ့ သီခ်င္းစာသားေတြက မိန္းကေလးျဖစ္သူ သင္းယုအတြက္ မျဖစ္သင့္ဘူးဆိုျပီး မွတ္ခ်က္ခ်ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ေနာက္ဆံုးမွာေတာ့ ဒိုင္ျဖစ္သူ ရန္ရန္ခ်မ္းကိုယ္တိုင္ကလည္း သူကိုယ္တိုင္ ျမင္တဲ့အေၾကာင္းအရာေတြကို ပြင့္ပြင့္လင္းလင္းေျပာခဲ့ျပီး သင္းယုကိုပဲ ေနာက္တစ္ဆင့္တက္ဖို့ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Han So Ree နဲ့ သင္းယုတို့ရဲ့ Battles ယွဥ္ျပိဳင္မႈကို ဘယ္လိုထင္ျမင္လဲေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: The Voice Myanmar’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒိုင်ဖြစ်သူ ရန်ရန်ချမ်းကတောင် အဆင်မပြေဘူးလို့ပြောရတဲ့အထိ ဖြစ်ခဲ့တဲ့ Han So Ree နဲ့ သင်းယုတို့ရဲ့ Battles ယှဉ်ပြိုင်မှု

တစ်ပတ်နဲ့တစ်ပတ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်တွေနဲ့ ရှေ့ဆက်နေတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးက အခုဆိုရင် Battles ယှဉ်ပြိုင်မှုအဖြစ် ဒုတိယမြောက်အပတ်ကို ရောက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။ Team YC, Team Nini, Team R Zarni, Team KP တို့မှ ပြိုင်ပွဲဝင်တွေကလည်း ကြိုတင်ပြင်ဆင်မှုအားကောင်းကောင်းနဲ့ ယှဉ်ပြိုင်လာခဲ့ကြတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁၁) ရက်နေ့ Battles ယှဉ်ပြိုင်မှုအဖြစ် ဒုတိယမြောက်အပတ်မှာတော့ ထူးထူးခြားခြားအဖြစ် Team YC က Han So Ree နဲ့ သင်းယုတို့ရဲ့ Battles ယှဉ်ပြိုင်မှုက ဒိုင်ဖြစ်သူ ရန်ရန်ချမ်းကိုယ်တိုင်လည်း အဆင်မပြေဘူးလို့ ထုတ်ပြောရသလို တစ်ချို့သော ပရိသတ်တွေအနေနဲ့လည်း မကြိုက်နှစ်သက်ခဲ့ကြတာကို တွေ့ရပါတယ်။ အဲ့ဒါကတော့ Han So Ree က Rap Battle အတွက် သူကိုယ်တိုင်ရေးသားလာခဲ့တဲ့ သီချင်းစာသားတွေက မိန်းကလေးဖြစ်သူ သင်းယုအတွက် မဖြစ်သင့်ဘူးဆိုပြီး မှတ်ချက်ချခဲ့ကြတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဒိုင်ဖြစ်သူ ရန်ရန်ချမ်းကိုယ်တိုင်ကလည်း သူကိုယ်တိုင် မြင်တဲ့အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး သင်းယုကိုပဲ နောက်တစ်ဆင့်တက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Han So Ree နဲ့ သင်းယုတို့ရဲ့ Battles ယှဉ်ပြိုင်မှုကို ဘယ်လိုထင်မြင်လဲပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: The Voice Myanmar’s fb
Bilie: Cele Connections