


ယူနီကုဒ်ဖြင့်ဖတ်ရန်

အသက် (၄၃)နှစ်အရွယ်မှာတောင် လူငယ်လေးတစ်ယောက်လို နုပျိုလှပနေရတဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြလာခဲ့တဲ့ အိန္ဒြာကျော်ဇင်

ပြည်သူချစ် အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကတော့ ဗီဒီယိုဇာတ်ကားတွေ အတူတူ ရိုက်ကူးရင်းနဲ့ပဲ ဖူးစာဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက် မွေးဖွားပြီးသည့်တိုင် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး အကယ်ဒမီထူးချွန်ဆုတွေများစွာကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် လက်တွေ့ဘဝက သူတို့ရဲ့ နေထိုင်မှုပုံစံကိုလည်း စိတ်ဝင်တစားစွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ပြေတီဦးထက် အသက်ကြီးပေမယ့် ငယ်ရွယ်နုပျိုပြီး အသက်ငယ်တဲ့သူတွေတောင် လိုက်လို့မမှီနိုင်အောင် လှပနေတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အသက် (၄၃) နှစ်အရွယ်မှာတောင်နုပျိုနေရခြင်းက ခွဲစိတ်ပြုပြင်ထားခြင်းတွေမဟုတ်ပဲ စိတ်ရောကိုယ်ပါ အေးချမ်းစေတဲ့ Yoga ကို သေသေချာချာလေး ဆော့တာကြောင့်ဖြစ်ကြောင်း သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မေမေဖြစ်တာတောင် လူငယ်တွေ လိုက်လို့မမှီနိုင်အောင် လှပနေတာ အားကျစရာပါပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ လှပမှုလျှို့ဝှက်ချက်ကို သိရှိသွားရလို့ ကျေနပ်နေမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s ig
Bilie: Cele Connections