



Source: Chit Thu Wai ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုဗစ်ကိုခုတုံးလုပ်ပြီး ငွေကြေးအရှုပ်အရှင်းနဲ့ ကြားပွဲစားလုပ်တယ်ဆိုပြီး နာမည်ဖျက်သူကို ဒဲ့ပြောလာတဲ့ ချစ်သုဝေ

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက စိတ်တူကိုယ်တူနဲ့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းတွေသာမက ပရဟိတလုပ်ငန်းတွေကို အတူတူ သယ်ပိုးဆောင်ရွက်နေကြတဲ့ ဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။ လက်ရှိမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးအတွက် အားတက်သရော လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ချစ်သုဝေက ဒီကနေ့မှာတော့ သူမကို မထိခလုတ် ထိခလုတ်နဲ့ နာမည်ဖျက်သူတွေရှိကြောင်း အခုလိုပဲပြောလာပါတယ်။

“ဆရာဝန်အဆိုတော်celeဆိုတာ ဘယ်သူတုန်း? ကိုယ်တိုင်လည်းသိပ်သိချင်နေပါတယ်။ သို့မဟုတ်ရင် သို့လော သို့လောတွေနဲ့ အထင်မခံနိုင်ပါ။ ရေးသူ တင်သူ မထိခလုတ် ထိခလုတ်လုပ်လိုသူတွေ နာမည်တပ်ပြီး တည့်တည့်ရေး ရှင်းရှင်းရေး ချက်နဲ့လက်နဲ့ အထောက်နဲ့အထားနဲ့ရေးပါ။ Messenger ထဲ ကိုယ့်ဆရာ ဆရာမတွေ သူငယ်ချင်းတွေက စိတ်အနှောက်အယှက်မဖြစ်နဲ့ သမီးလုပ်နေတဲ့ကောင်းတဲ့အလုပ်တွေ ဆက်မလုပ်ချင်မှာစိုးတယ်။ စိတ်မကောင်းမဖြစ်ဖို့တွေပြောပြီးပြတော့မှ(သူတို့တွေကိုလည်း အဲ့ဒါ ချစ်သုဝေ ကိုပြောတာလား? လာလာမေးကြလို့ သိတာ..နို့မဟုတ် မအားကြပါ dutyဆင်းနေရတာနဲ့ ) စိတ်သာချ။ အပုပ်ချ မကောင်းကြံတာတွေအတွက် ကောင်းတာလုပ်နေတာတွေတော့ ဘယ်တော့မှရပ်မှာမဟုတ်..”

“P.s ကိုယ့်ဘာသာတောင် N95အစစ်အတုတွေကြားမျက်စိလည်ပြီး ရှေ့ရက်ကမှ စိတ်ချရပြီး ကိုယ်တိုင်လည်း ဝယ်လှူနေတဲ့ ဆရာဝန်အသိမမ ဆီက 200လောက်ရလိုက် ရရချင်း ပြေးလှူလိုက်နဲ့ ခက်ခက်ခဲခဲရှာဝယ် ပြီးလှူ နေရတဲ့အထဲ..” ဆိုပြီး သူမကို စောင်းမြောင်းရေးသားတဲ့ အကောင့်ပိုင်ရှင်ရေးထားတဲ့ ပိုစ့်ကိုပါ SS ရိုက်ပြီး ပြသလာပါတယ်။

ချစ်သုဝေတို့ဇနီးမောင်နှံကတော့ အများအကျိုးကို ကူညီသယ်ပိုးနေပြီး လူချစ်လူခင်ပေါများသူတွေပီပီ မနာလိုသူတွေရဲ့ တိုက်ခိုင်ခြင်းကို ခံရလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဗစ်တိုးရီးယားအမှုကိစ္စမှာတုန်းကလိုပဲ အခုကိုဗစ်မှာလည်း သူမရဲ့ နာမည်ကို ဖျက်ပြီး အပုပ်ချသူတွေရှိတဲ့အကြောင်း ချစ်သုဝေက ပြသလာပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai ‘s fb
Bilie: Cele Connections