


Source: SEIN PHYO & YI ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုဗစ်ကြောင့် အချိန်တွေအကြာကြီးဝေးနေခဲ့ရပြီး ပြန်လည်ဆုံတွေ့ဖြစ်တဲ့အခါမှာ အမှတ်တရတွေနဲ့အလွဲတွေကို ပြောပြလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

သရုပ်ဆောင် မောင်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ မောင်က အခုဆိုရင် ပိုးကင်းစင်သွားခဲ့ပြီဖြစ်ပြီး ဆေးရုံကနေ ပြန်လည်ဆင်းခွင့်ရကာ Home Quarantine နေထိုင်တာလည်း (၇) ရက်ပြည့်သွားခဲ့ပြီမို့ လူကောင်းပကတိအတိုင်း လှုပ်ရှားသွားလာနေပြီပဲ ဖြစ်ပါတယ်။ မောင့်ရဲ့ချစ်သူ ရီရီပွင့်ဖြူကလည်း Hotel Quarantine နေထိုင်ပြီးတဲ့အပြင် Home Quarantine နေထိုင်ရက်ပြည့်သွားပြီမို့ မောင်တို့ချစ်သူနှစ်ဦးက ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၀) ရက်နေ့မှာတော့ မောင်နဲ့ ရီရီပွင့်ဖြူတို့က မတွေ့တာကြာပြီဖြစ်လို့တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖြစ်တဲ့အပြင် ပရိသတ်တွေနဲ့လည်း စကားတွေပြောရင်း Live လွှင့်ခဲ့ပါတယ်။ မောင်က သူတို့ရဲ့ ကိုဗစ်ဖြတ်သန်းခဲ့တဲ့အကြောင်းတွေကို ပြန်လည်ပြောရင်း ကြုံဆုံခဲ့ရတဲ့ အလွဲတွေကိုလည်း အခုအခါမှာ ပေါ့ပေါ့ပါးပါးနဲ့ ပြန်လည်ပြောပြနိုင်ပြီဖြစ်တာကို အခုလိုပဲ တွေ့ရပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူကတော့ ကိုဗစ်ကြောင့် ချစ်သူသက်တမ်း (၇)နှစ်ပြည့်ချိန်မှာတောင် အတူမရှိနိုင်ခဲ့ပေမယ့် အခုဆိုရင် နှစ်ယောက်စလုံး နေကောင်းကျန်းမာစွာနဲ့ တွေ့ဆုံခဲ့ရပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မောင်နဲ့ ရီရီပွင့်ဖြူရဲ့ အမှတ်တရနဲ့ အလွဲတွေကို နားထောင်ပြီး ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI ‘s fb
Bilie: Cele Connections