


ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်ရက်တစ်ရက် အိမ်ထဲမှာနေနေရတာပျင်းလာလို့ အလုပ်ချင်ဆုံးဆန္ဒလေးတစ်ခုကို ရင်ဖွင့်ပြောပြလာတဲ့ ရွှေမှုံရတီ

ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ထောင်နေသလို အနုပညာအလုပ်တွေပေါ်မှာလည်း လစ်ဟင်းမှုမရှိအောင် အကောင်းဆုံး ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်မှာပဲနေရင်း ဇနီးမောင်နှံနှစ်ယောက်တည်း တစ်ယောက်ကိုတစ်ယောက် အဖော်ပြုနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေမှုံရတီက “တစ်ရက်တစ်ရက် အိမ်မှာနေရတာလဲပျင်းနေပါပြီ😢 ခရီးတွေသွားချင်နေပြီဟေ့🥺” ဆိုပြီး ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ ခရီးတွေသွားရတဲ့ အခိုက်အတန့်တွေကို ပြန်လည်သတိရနေတာကို တွေ့ရပါတယ်။

ရွှေမှုံရတီကတော့ ရှုတင်မရှိတဲ့အချိန်တွေမှာ ခရီးတွေသွားရင်းနဲ့သာ အချိန်ကုန်ဆုံးလေ့ရှိပြီး အခုလို အိမ်ထဲက အိမ်ပြင်မထွက်ရချိန်မှာတော့ ခရီးသွားရတဲ့ အခိုက်အတန့်တွေကို သတိတရရှိနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Mhone Yati း’s fb
Bilie: Cele Connections