


Source: Warso Moe Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရွာတစ်ရွာက လက်ဝှေ့ပွဲတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် စတွေ့ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

နိုင်ငံကျော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကတော့ မတူညီတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြပေမယ့် တစ်ယောက်ရဲ့အလုပ်ကိုတစ်ယောက် ကူညီဖေးမပေးနေကြတာပဲ ဖြစ်ပါတယ်။ ဖြိုးလေးကလည်း ဝါဆိုမိုးဦးရဲ့ သရုပ်ဆောင်အလုပ်တွေမှာ သူတတ်နိုင်သလောက် ကူညီပေးနေသလို ဝါဆိုမိုးဦးကလည်း ဖြိုးလေးသီဆိုရတဲ့ ရှိုးပွဲတွေကို လိုက်လံပြီး အားဖြည့်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က ပရိသတ်တွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် အချစ်ပိုကြတဲ့ ချစ်သူစုံတွဲလေးအဖြစ် ထင်ရှားတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၉) ရက်နေ့မှာတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့နှစ်ယောက်က ပရိသတ်တွေနဲ့ စကားပြောဖို့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် Live လွှင့်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က ပရိသတ်တွေ သိချင်တဲ့ သူတို့နှစ်ယောက်ရဲ့ အကြောင်းတွေကို ပြောပြရင်း ရွာတစ်ရွာက လက်ဝှေ့ပွဲတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် စတင်ဆုံတွေ့ခဲ့ကြတဲ့ အမှတ်တရတွေကိုလည်း အခုလိုပဲ ပြောပြလာခဲ့တာကို တွေ့ရပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကတော့ စိတ်တူကိုယ်တူနဲ့ အချစ်မလျော့ပဲ လက်တွဲလာခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း (၅)နှစ်နီးပါးတောင်ရှိပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုကြည့်ပြီး ကြည်နူးနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Warso Moe Oo’s fb
Bilie: Cele Connections