




Source: Nay Ye’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သရုပ်ဆောင် နေရဲကတော့ နိုင်ငံကျော်ဇာတ်ပို့သရုပ်ဆောင်ကြီး ခင်လှိုင်ရဲ့ သားအလတ်ဖြစ်ပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း မိသားစုအတွက် တာဝန်ကျေတဲ့ သားတစ်ယောက်အဖြစ် ကာကွယ်စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေရဲက သူ့ရဲ့အစ်ကိုရဲ့ အိမ်ထောင်ရေးပြိုကွဲရအောင် ငွေညှစ်ပြီး ခြိမ်းခြောက်တဲ့ အမျိုးသမီးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး ပြတ်ပြတ်သားသားပြောလာပါတယ်။

ထိုအမျိုးသမီးက နေရဲရဲ့အစ်ကို မိသားစုဓာတ်ပုံတွေကို အသုံးပြုပြီး ငွေညှစ်လိမ်လည်တာမျိုးလုပ်ခဲ့တာကြောင့် နေရဲက “ဪ ညီမရယ် ပိုက်ဆံလိုချင်တာနဲ့များ သူများမိသားစုကိုနှောက်ယှက်ရတယ်လို့ကွာ…….လောကမှာပိုက်ဆံထက်အရေးကြီးတာတွေအများကြီးဆိုတာကို သိအောင်ကြိုးစားပါ…..

မိန်းကလေး တစ်ယောက်ကိုတော့ ဘယ်တုန်းကမှ အဲ့လိုမတင်ဖူးဘူး….အရှက်ခွဲသလိုဖြစ်သွားရင်တော့တောင်းပန် တယ်…….ငါ့မိသားစုကိုတော့မထိနဲ့ညီမရေ …..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

နေရဲကတော့ မိသားစုကို အရမ်းချစ်သူဖြစ်ပြီး အရာအားလုံးထက် သူ့ရဲ့မိသားစုလေးကို ရှေ့တန်းတင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Ye’s fb
Bilie: Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်