


ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်ထောင်ကျပြီး ကလေးမွေးပြီးခါစအချိန်မှာ သူတော်ကောင်းယောင်ဆောင်ထားတဲ့ မြေခွေးလိုလူမျိုးတွေနဲ့ ကြုံဆုံခဲ့ရကြောင်း ပြောလာတဲ့ သဉ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပေမယ့် သူမကို အလိုလိုက် ဂရုစိုက်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သာသမီးလေးတွေကို ပိုင်ဆိုင်ထားလို့ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့ အရင်ကလို အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမယ့် သူမကိုချစ်ကြတဲ့ ပရိသတ်တွေရဲ့ အဆက်အသွယ်ပြတ်တောက်သွားခြင်းမရှိတာကို တွေ့ရပါတယ်။

ကလေးနှစ်ယောက်မိခင်ဖြစ်သွားပြီဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းက ဒီကနေ့မှာတော့ ကလေးမွေးပြီးခါစအချိန်က သူမကြုံတွေ့ရတဲ့ အခက်အခဲတွေကို အခုလိုပဲပြောပြလာပါတယ်။ “ကလေးမွေးပြီစအချိန်က အတိုက်အခိုက်အခံရဆုံးအချိန်လို့လဲတွေးမိတယ်။ သွေးနုတဲ့မိန်းမတစ်ယောက်ကို ဝသွားတယ်တို့ ဖောနေတယ်တို့ လင်ပြစ်ခံရတော့မယ်တို့ ကလေးပဲထိုင်မွေးနေတို့ ပြောတဲ့လူတွေ သူတော်ကောင်းယောင်ဆောင် မြေခွေးလိုလူတွေ နဲ့မျက်နှာပြောင်တိုက်တဲ့လူတွေကြောင့် လူတွေအကြောင်းပိုပိုသိလာတယ်။” ဆိုပြီး ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ ကလေးမွေးဖွားပြီးချိန်မှာ သိသိသာသာ ဝသွားခဲ့ပြီး အိမ်ထောင်သက်သုံးနှစ်ကျော်အတွင်းမှာ ကလေးနှစ်ယောက်မွေးဖွားခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thinzar Nwewin’s fb
Bilie: Cele Connections