Source: Tyron Bejay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
လွတ်လွတ်လပ်လပ်နေတတ်ပြီး ထောင့်မကျိုးတာကြောင့် မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကတော့ မပြည့်ဘူးဆိုတဲ့ တိုင်ရွန်
သရုပ်ဆောင်နဲ့ မော်ဒယ် တိုင်ရွန်ဟာ စွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်သူတစ်ဦးပါ။ တိုင်ရွန်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ လူအာရုံစိုက်ခံရပြီး ဝေဖန်မှုတွေများစွာကိုလည်း ခံရလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တိုင်ရွန်ကတော့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေနဲ့ အောင်မြင်တဲ့ အနုပညာလမ်းမမှာ လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ တိုင်ရွန်က သူ့ရဲ့ ပရိသတ်တွေကို ရင်ဖွင့်စကားလေးတစ်ခွန်းပြောထားတာကို တွေ့ရပါတယ်။ တိုင်ရွန်က သူ့ရဲ့ဓာတ်ပုံအောက်မှာ “ကျွန်တော်က လွတ်လပ်တယ်ဗျ။ ကျွန်တော့်ဘဝကလည်း လွတ်လပ်တယ်။ နေချင်သလိုနေတယ်။ မျက်မှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုကတော့ မပြည့်ဘူးပေါ့ဗျာ။ ဒေါင့်မှမကျိုးကိုး” ဆိုပြီး သူအချစ်ရဆုံး ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။
တိုင်ရွန်ကတော့ စကားပြောရင့် ဟန်ဆောင်မှုမရှိ လွတ်လွတ်လပ်လပ်ပြောဆိုတတ်တာကြောင့် မလိုတဲ့သူတွေအတွက်ကတော့ ထောက်ပြစရာဖြစ်လို့သွားတာတွေပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တိုင်ရွန်ကို ချစ်တဲ့ ပရိသတ်တွေကတော့ အခိုင်အမာရှိနေဆဲမို့ တိုင်ရွန်တစ်ယောက် ဒီထက်မက အနုပညာလောကမှာ တောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်လို့လာပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Tyron Bejay’s fb
Bilie: Cele Connections