


ယူနီကုဒ်ဖြင့်ဖတ်ရန်

စမိုင်းလ်၊ ခိုင်သင်းကြည်၊ ကြည်လဲ့လဲ့ဦးနဲ့ ပန်းဖြူတို့ လေးယောက်ရဲ့ အလွဲတွေကို အူတက်အောင်ရယ်နေရမယ့် “ဂယက်တွေပါဟယ်” ရုပ်ရှင် Official Trailer

(၂၀၂၀) ကတော့ ကပ်ရောဂါအခြေအနေတွေကြောင့် အစစအရာရာ ထိခိုက်နစ်နာမှုတွေရှိခဲ့သလို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်လည်း ရုပ်ရှင်ဇာတ်ကားတော်တော်များများနဲ့ ဝေးကွာခဲ့ရတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် စမိုင်းလ်ကတော့ သူမရဲ့ နောက်ထပ်စီးပွားရေးခြေလှမ်းသစ်ဖြစ်တဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံဆိုတဲ့ App ကနေ ပရိသတ်တွေ ဖုန်းထဲကနေပဲ ရုပ်ရှင်ဇာတ်ကားသစ်တွေ ကြည့်ရှုနိုင်ဖို့ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်က သူမရဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံကနေ ပွဲဦးထွက်ပြသမယ့် “ဂယက်တွေပါဟယ်” ရုပ်ရှင် Official Trailer ကို ချပြလာပါတယ်။

“ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ ထူးအောင်၊ ဆန်းထွဋ်၊ ထက်အောင်ရှိုင်း၊ မောင်မောင်အေး၊ ခိုင်သင်းကြည်၊ စမိုင်းလ်၊ ကြည်လဲ့လဲ့ဦး၊ ပန်းဖြူ၊ ဖူးပွင့်သခင်နဲ့ အခြားသော အနုပညာရှင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ငယ်သူငယ်ချင်းလေးယောက်ဖြစ်တဲ့ စမိုင်းလ်၊ ခိုင်သင်းကြည်၊ ကြည်လဲ့လဲ့ဦးနဲ့ ပန်းဖြူတို့ လေးယောက် ညဘက်အပြင်ထွက်လျှောက်လည်ရာမှ ဖြစ်လာတဲ့ အလွဲတွေကို တသောသောနဲ့ ရယ်မောစွာ ကြည့်ရှုရမှာဖြစ်လို့ ပရိသတ်ကြီးအတွက် “ဂယက်တွေပါဟယ်” ရုပ်ရှင် Official Trailer ကို မျှဝေပေးလိုက်ပါတယ်နော်။

“ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကြီးက လွန်ခဲ့တဲ့ (၃) နှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့် ရုပ်ရှင်ပိတ်ကားပေါ်ရောက်ရှိဖို့ နောက်ကျနေခဲ့ပြီး အခုဆိုရင် Smile အွန်လိုင်းရုပ်ရှင်ရုံဆိုတဲ့ App ကနေ အိမ်မှာပဲ အေးအေးဆေးဆေး ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဘယ်လိုကြည့်ရှုရမလဲဆိုတဲ့ အစီအစဉ်အသေးစိတ်ကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Smile အွန်လိုင်း ရုပ်ရှင်ရုံ’s fb
Bilie: Cele Connections